ထို့နေမှစ၍ ခေတ်သွေးသည် သူမရှေ့သို့ ထပ်မံပေါ်မလာခဲ့...
သူမသည်လည်း တပတ်လုံး Okura san ၏ အလုပ်များကူကာ ဗျာများနေခဲ့သည်...
Okura san သည်တော့ ခေတ်သွေးနှင့် အပြင်တွင် ချိန်းဆိုတွေ့ဆုံမှုများရှိနေသည်ကို သူမသိသည်... သို့သော် သူမနှင့် မဆိုင်ဟု သဘောထားကာ သူမ မမေးမြန်း... မစပ်စုခဲ့...
"Ring... Ring... Ring..."
"ဟုတ် ဒေါ်ပြုံး... ကိစ္စရှိလို့လား..."
"Rio လေးက တမနက်လုံးအစားအစာဘဲ အခု ကိုယ်လည်း နည်းနည်းပူနေတယ်သမီး... "
"ဟုတ်လား... အဲဒါဆို သမီးအလုပ်ကို ပြောပြီး စောစောပြန်ခဲ့မယ်နော်..."
တဖက်မှ ဖုန်းချသွားစဉ်တွင် ယွန်းလှသည် နေ့တဝက်ခွင့်ယူရန် Okura san ၏ အခန်းသို့ လျောက်သွားလေသည်.... သို့သော် ထိုနေရာတွင် ခေတ်သွေးသည် ရောက်နေခဲ့သည်...
"ဟိုဟာ...."
ဧည့်သည်ရှိနေသည်ဖြစ်ရာ သူမလည်း ပြောမည့်စကားကို ခဏထိန်းလိုက်လေသည်...
"ရတယ်ပြောပါ..."
"ယွန်းနေ့တဝက်ခွင့်ယူချင်လို့..."
"ဘာကိစ္စရှိလို့လဲ...."
"သားလေး ဖျားနေလို့ပါ..."
"ဟုတ်လား... အင်းအဲဒါဆိုလည်း ယူလိုက်ပါ... ဘာမှ အထွေအထူးလုပ်စရာလည်းမရှိသေးဘူးဆိုတော့..."
"ဟုတ်ကဲ့..."
"ဒါနဲ့ ကျွန်တော့ကို ပြန်ခွင့်ပြုပါအုံး..."
သူမနောက်မှ ခေတ်သွေးသည်လည်း ချက်ချင်းထရပ်ကာ Okura san ကိုလည်း နှုတ်ဆက်လိုက်လေသည်...
"ဟုတ်ကဲ့ ဂရုစိုက်သွားပါ..."
သူမနောက်မှ စကားသံများအား ကျောခိုင်းကာ ကောရစ်တာ တလျောက်တိတ်ဆိတ်စွာ လျောက်လာခဲ့သည်.... ထိုအချိန်သူမှနောက်မှတဆင့်...
"ကလေးနေမကောင်းတာ မင်းက ခွင့်ယူရတယ်ဆိုတော့ မင်းအကောင်ကော..."
"ဒီမှာ... ရှင်စကားပြောရင် သူများကို အကောင်လို့ပြောလို့မရဘူးလား..."
"ဘာဖြစ်လို့လဲ မင်းလူထိတော့ နာလို့လား...
"ကျွန်မလူဟုတ်ဟုတ် မဟုတ်ဟုတ် ရှင်သူများကို အဲ့လိုသုံးနှုန်းတာတော့ ရိုင်းတယ် ကိုခေတ်သွေး..."