အပိုင်း (၄)

3.2K 115 2
                                    




သူမက ငယ်ငယ်ကတည်းက အိမ်ကော၊ကျောင်းကော တောက်လျှောက်ပြောင်းခဲ့ရတာ အခုနေရာမှာလည်း ဘယ်နှနှစ်ပဲ နေရအုံးမလဲမသိဘူး။

ဒါပေမယ့် ဒီနေရာလေးကိုတော့ သူမတကယ်သဘောကျတယ်။ ခြံဝင်းနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့အပြင် တစ်သီးတစ်သန့်နေတတ်တဲ့သူမအတွက် ထပ်ခိုးအခန်းလေးလည်းပါတော့ သူမ မတွေ့ချင်တဲ့သူတွေလာတိုင်း ပုန်းလို့ရတဲ့နေရာလေးပါ သူမပိုင်ဆိုင်နိုင်ပြီပေါ့။

သူမမသိခဲ့တာက အဲ့နေရာမှာပဲ သူမတစ်ဘဝလုံး ပုန်းနေချင်တဲ့ သူကို တွေ့ခဲ့ရမယ်လို့ပေါ့။

သမီး ဒါက အန်တီ မူယာ။ အမေတို့ ၂ အိမ်ကျော်ကပဲ။

အမ ဒါက ညီမရဲ့ တစ်ဦးတည်းသော သမီးလေး ယွန်းလှတဲ့။ သမီး အန်တီကိုနှုတ်ဆက်လိုက်အုံးလေ။

ဟုတ် အမေ။ တွေ့ရတာ ဝမ်းသာပါတယ်အန်တီ။

ဇင်လေးရဲ့ သမီးက အချောလေးပဲ။ ကျောင်းမှာ ကြိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေမှာပဲ။

ဟုတ်ပ မမရယ်။ ညီမမှာလေ အဲ့ကိစ္စပဲ လိုက်လိုက်ရှင်းနေရတာ။ သူ့ကိုစောင့်ရှောက်ပေးမယ့် မောင်လေးဖြစ်ဖြစ် သားလေးတစ်ယောက်လောက်ပဲ မွေးစားလိုက်ချင်တော့တယ်။

ဟား ဟား ဇင်လေးရေ အဲဒါဆိုမပူနဲ့တော့။ မမမှာ သားနှစ်ယောက် သမီး(၁)ယောက်ရှိတာ အကြီး ၂ ယောက်ကတော့ကျောင်းပြီးသွားပြီ။ အငယ်လေးပဲကျန်တော့တာ။ သူကို ကျောင်းမှာဆို လူတိုင်းရှိန်နေအောင် လူမိုက်လုပ်နေလေရဲ့။ သူ့ညီမလို့တာ ပြောလိုက် ဘယ်သူမှ ကပ်ရဲတော့မှာမဟုတ်ဘူး ဇင်ရေ

မဆိုးဘူးနော်မမ အဲ့အကြံကောင်းတယ်။ မနက်က တွေ့လိုက်တဲ့ သားလေးလား။ သူလည်းအချောလေးပဲနော်။ လူဆိုးလေးလို့တောင် မထင်ရဘူး။ ဇင်က တွေ့တွေ့ချင်းသားလေးအဖြစ်တောင် ခေါ်မွေးချင်သွားတာ။

ကိုယ်ပေါင်ကိုယ်လှန်းထောင်းပေါ့ ဇင်လေးရယ်။ အငယ်ဆုံးဆိုတော့ ဆိုးချင်းတိုင်းဆိုးနေတာ။ ဒါပေမယ့် အချုပ်တော့ ရေလည်တော်တာနော်။ အဲဒါကြောင့် ဇင်လေးတောင် ပါသွားတာမလား။

ဟုတ်ပ မမရယ် ဟား ဟားဟား

အမေ့နှယ် လူဆိုးပါဆိုမှ ဘယ်လိုအကောင်းမြင်ပြီး သားအဖြစ်မွေးစားချင်နေလည်း ယွန်းလှ မစဉ်းစားတတ်တော့ဘူး။

ထပ်ထိုင်နေရင် ထပ်ပြီးစောင့်ရှောက်ခိုင်းနေမှာစိုးလို့ ယွန်းလှ နှုတ်ဆက်ဖို့ထလိုက်တယ်။

မနက်ဖြန် ကျောင်းစတက်ရမှာဆိုတော့ စာအုပ်တွေပြင်ဖို့ သမီးသွားတော့မယ်နော် အန်တီ

အေးအေး သမီးလေး။ အန်တီ့အိမ်လာလည်နော်။ အန်တီ့သားနဲ့မိတ်ဆက်ပေးမယ်။

ဟုတ်အန်တီ။

အော်ခက်ပြီ... သူ့သားလူဆိုးကို ဘယ်သူက မိတ်ဆက်ချင်တယ် ထင်နေလို့လည်းမသိဘူး..

အမေ့................

ယွန်းလှ ကိုယ့်ဘာသာရေရွတ်ပြီး အပေါ်ထပ် ထပ်ခိုးကို တက်လာရင်းနဲ့ ပြတင်းပေါက်မှာ ထိုင်နေတဲ့အရိပ်ကြောင့် နောက်ပြန်လဲကျသွားတယ်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now