အပိုင်း (၃၉)

1.8K 65 1
                                    

ဦးထွန်းခေါင်လက်မှ စာအုပ်လေးသည် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသည့်နည်းတူ ဦးထွန်းခေါင်သည်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်....

"ဆရာ....."

ဦးထွန်းခေါင်၏လူများသည့် သူ့အား အပြေးထူပြီးနောက် ဆေးရုံသို့ ခေါ်ဆောင်သွားကြလေသည်....

"ဆရာ ကျွန်မအဖေ ဘာဖြစ်တာလဲ..."

မမြတ်ကေသီ၏ အမေးအား ဆရာဝန်မှ

"အင်း... စိတ်လှုပ်ရှားစရာ shock တစ်ခုခုနှင့် ကြုံလိုက်ရတာဖြစ်မယ်... ပြီးတော့ လူနာက အရက်အလွန်အကျွံသောက်လားခဗျ... ကောင်းကောင်းအိပ်ပုံလည်း မပေါ်တော့ တစ်ခါတည်း စုဖြစ်သွားတာပေါ့ဗျာ...."

"ဟုတ်ကဲ့ သိပါပြီ ဆရာ..."

ဦးထွန်းခေါင် သတိရလာသည့်အခါ သူ၏ သမီးနှင့် မြေးမလေးအား တွေ့လိုက်ရသည်...

"သမီး ဒယ်ဒီ့ကို ခေတ်သွေးဆီ လိုက်ပို့..."

"ဒယ်ဒီ အနားယူဖို့လိုသေးတယ်လို့ ဆရာဝန်မှာသွားတယ်... "

"အင်း ပြီးရင် ဒယ်ဒီ အနားယူပါ့မယ်... အခုလောလောဆယ် ခေတ်သွေးဆီ လိုက်ပို့စမ်းပါ..."


"သား...."

ဦးထွန်းခေါင်သည် ခေတ်သွေးအား တွေ့သည်နှင့် မမြတ်တွန်းလားသော ဝှီးချဲပေါ်မှ ထဖို့ ဟန်ပြင်လိုက်လေသည်... 

"ဒယ်ဒီ ဝှီးချဲနဲ့ပဲသွားပါ..."

"သမီး မြေးလေး ခေါ်ပြီး အပြင်ခဏထွက်ပေးပါအုံး..."

"ဘိုးဘိုး..."

Tracy သည် သူ့အဖိုးက သူ့ကိုအပြင်ထွက်ခိုင်းလို့ မကျေနပ်ပေမယ့် တီမြတ်နဲ့အတူတူ အခန်းအပြင်ဘက်သို့ ဆူပုတ်ကာ ထွက်ပေးလေသည်...

"သား...."

ခေတ်သွေးသည် ကုတင်ပေါ်မှာ ထိုင်လျက်ရှိသော်လည်း သူ့အား မကြည့်ချေ....

ဦးထွန်းခေါင်သည် ဝှီးချဲပေါ်က ထကာ အောက်သို့ ဆင်းရင် ကုတင်အောက်တွင် ဒူးထောက်လိုက်သည်...

"အဖေတောင်းပန်ပါတယ်..."

"ခဗျား...ဘာလုပ်တာလဲ... ထပါ..."

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now