အပိုင်း (၂၄)

1.7K 75 0
                                    

ယခင်က ဓာတ်ပုံရိုက်ရမှာ အရမ်းမုန်းသောသူ၏ ရွေးချယ်လိုက်သော Carrier က သရုပ်ဆောင် မော်ဒယ်တဲ့လား...

ယွန်းလှ ဟားတိုက်ရွေ့သာ ရယ်ချင်တော့သည်။ နာကျင်စရာကောင်းသော အတိတ်တွေကို သူမ ပြန်တွေးမိပြန်ပြီလေ။

တစ်ယောက်တည်းနေသည့်အိမ်တွင် သူမစိတ်ညစ်တိုင်း သောက်တတ်သည့် ESSE ဆေးလိပ်လေး လက်ကြားညှပ်ကာ သူမအတွေးတွေက အတိတ်ကာလဆီ ပြန့်လွင့်နေခဲ့လေသည်။

သူမငယ်ငယ်က နာကျင်ရသည့်ဒဏ်၊ သူမအမေ၏ လျစ်လျူရှုမှုဒဏ်တွေအောက်တွင် ၂၁ ရာစုအမျိုးသမီးတစ်ယောက်အနေနှင့် အရက်သောက်ချင်းထက် ဆေးလိပ်သောက်ခြင်းကို သူမပိုခုံမင်မိလေသည်။ ဆေးလိပ်ကို ရှိုက်ပြီး အငွေ့ကို မှုတ်ထုတ်လိုက်ချိန်တွင် သူမ၏ စိတ်ညစ်စရာများပါ အငွေ့များနှင့် ပါသွားရင် ကောင်းမည်ဟု သူမစိတ်ကူးယဉ်ခဲ့ရပေါင်းများလေပြီ။

သူမအမေနှင့် ကတောက်ကဆ များစွာဖြစ်ပြီးနောက် သူမဘွဲ့ရပြီးချိန်တွင် အမေ့ဆီမှ ထွက်လာခဲ့လေသည်။ တခါတခါ မိဘရင်ခွင်ကို လွမ်းမိပေမယ့် အတူနေခြင်း၏ နာကျင်ရသည့်ဒဏ်မှတော့ သူမ ကင်းလွတ်ခွင့်ရခဲ့သည်။

မနက်ဖြန် အလုပ်ကိစ္စနှင့် ခေတ်သွေးဆီ ဘယ်လိုပုံစံသွားရမည်ကို သူမတွေးရင်းနှင့် သူမ၏ အိပ်ရာဝင်ချိန်သည် နောက်ကျခဲ့လေသည်။

Ring Ring Ring....Yoon

"Hello"

"ငါတိုက်အောက်ရောက်ပီ နင်ဆင်းလာခဲ့တော့ "

"အပေါ်တက်ခဲ့ ကိုယ်မပြီးသေးဘူး"

"အဲဒါဆို ငါ parking မှာစောင့်နေမယ်"

တိုတိုတုတ်တုတ်ပြောကာ သူမ ဖုန်းချလိုက်လေသည်။

ဒီနေ့ casting ရှိသည့်အတွက်ကြောင့် ရုံးကိုဝင်ပြီးလျှင် casting ရွေးပွဲသို့ ခေတ်သွေးကို သူမလိုက်ပို့ရမည်ဖြစ်သည်။

ဆယ်မိနစ်လောက် ကြာပြီးနောက် ခေတ်သွေးဆင်းလာခဲ့သည်။

သူမဘေး lover seat တွင် ဝင်ခိုင်းကာ ခါးပတ်ပတ်ပြီးနောက် သူမဘက်သို့ပဲ လှည့်ကာ ထိုင်နေသော ခေတ်သွေးကို မသိချင်ယောင်ဆောင်ကာ သူမ ကားမောင်းထွက်လာခဲ့လေသည်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now