အပိုင်း(၇)

2.3K 106 2
                                    

လက်ရှိ

တီ.. တီ... တီ...
Alarm မြည်သံကြောင့် ယွန်းလှတစ်ယောက် အိပ်ရာမှကုန်းထလာခဲ့သည်။ အနုပညာရှင်တွေရဲ့ မန်နေဂျာအလုပ်ဆိုတာ တစ်ပတ်(၇)ရက် ပိတ်ရက်မရှိ၊ အလုပ်မရှိတဲ့ရက်တွေမှသာ နားရတာဖြစ်သည်။ ပင်ပန်းသော်လည်း သူမကြိုက်နှစ်သက်၍သာ ဒီအလုပ်ကိုလုပ်ခြင်းဖြစ်သည်။

Reminder:  N hotel တွင် ၁၀ နာရီ cover shoot ရိုက်ဖို့ရှိ

မန်နေဂျာဆိုသည့်အလုပ်က အနုပညာရှင်ထက် ၃၊၄ နာရီလောက် ကြိုထရပြီး အကုန်အဆင်သင့်ဖြစ်အောင်လည်း လုပ်ထားရသေးသည်။ Messenger မှ စစ်သွေး၏ ကွန်ဒိုလိပ်စာကိုလည်း အမ မှ စာပို့ထားပြီးသားဖြစ်သည့်အတွက် သူမ ရေမိုးချိုးပြင်ဆင်ကာ မနက်စာစားဖို့ ကားမောင်းပြီးထွက်ခဲ့လိုက်သည်။ ယွန်းလှ၏ Fav breakfast ကတော့ မုန့်ဟင်းခါးပင်။ သူမ စားနေကျဆိုင်ရောက်မှ မုန့်မှာပြီး စာတွေ ဘယ်သူပို့ထားလဲ စစ်လိုက်သည်။

မနက်နိုးကတည်းက ကို့ဆီကို နိုးပြီးဆိုသည့်အကြောင်း ပို့ထားသည့်အတွက် ကို့ဆီမှလည်း သူနိုးပြီဆိုသည့်အကြောင်းနှင့် အလုပ်ကိုဂရုစိုက်ပြီး သွားရန် စာပို့ထားလေသည်။ ဒါဟာ သူမတို့နှစ်ယောက်ရဲ့ မနက်ပိုင်း လုပ်ရိုးလုပ်စဉ်ပင်။

ခဏကြာတော့ သူမမှာထားသည့် မုန့်ပွဲလာချသည်နှင့် ဖုန်းကိုဘေးချကာ စတင်စားလိုက်သည်။
ကုန်ခါနီးလောက်မှ ညီလတ်ကို သူမ မန်နေဂျာ လုပ်ပေးစဉ်က သူမ မနက်စာစားတိုင်း ညီလတ်အတွက် ဝယ်သွားပေးတတ်သည့်ကို သတိရကာ စစ်သွေးအတွက် သူကြိုက်သည့် ဘူးသီးကြော်နှင့် တစ်ပွဲမှာလိုက်သည်။ အခုထိ သူ့အကြိုက်တွေကို သူမ ဘာလို့မှတ်မိနေလဲဆိုသည်ကိုတော့ သူမကိုယ်တိုင်ပင် သိမည်မထင်ပါ။

တင်းဒေါင်... တင်းဒေါင်... တင်းဒေါင်

"ဟာကွာ မနက်အစောကြီး ဘယ်သူလာတီးနေတာလဲ"

ခေတ်သွေးညက သောက်တာများသွားပြီး ဒီမနက်အလုပ်ရှိသည်ကိုတောင် မေ့သွားသည်။
ဟုတ်ပါသည်။ ညက သူစိတ်အရမ်းလှုပ်ရှားပြီး သောက်ရင်းသောက်ရင်းများသွားတာဖြစ်သည်။ သူ့အနေနှင့် မနက် ယွန်းလှနှင့်တွေ့သည့်အခါ ချက်ချင်းပင် ခိုးပြေးသွားချင်သည့်စိတ်ဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ သောက်ရင်းကနေ များသွားခြင်းပင်။

ယွန်းလှ အိမ်ထဲဝင်လိုက်သည်နှင့် ရှုပ်ပွနေသည့် ပုလင်းများနှင့် အရက်နံ့ကို ထောင်းခနဲ ရလိုက်သည်။ သူ့အကျင့်တွေက အရင်ကအတိုင်းပဲလားဟု တွေးကာ လက်ထဲမှ မနက်စာကို ချကာ အမှိုက်လိုက်ကောက်ဖို့ပဲ ပြင်လိုက်တော့သည်။

ခေတ်သွေးတစ်ယောက် (၆)နှစ်ကြာသွားတာတောင် သူမအရှေ့မှာ ဒီပုံစံကိုပဲ ပြမိသည့်အတွက် တံခါးဖွင့်ပေးပြီးကတည်းက ရေချိုးခန်းထဲ တန်းပြေးသွားပြီဖြစ်သည်။

သူမရဲ့ အရှင်းလင်း ကျွမ်းကျင်မှုကတော့ တခန်းလုံးရှိ အမှိုက်များကို နာရီဝက်အတွင်း ပြီးသွားလေသည်။ လုပ်ပေးလက်စနှင့်တော့ ရေချိုးခန်းထဲက ထွက်လာတဲ့အခါ စားလို့ရအောင် မီးဖိုချောင်ထဲသွားကာ မနက်စာကို ပြင်ထည့်လိုက်သည်။

ရုတ်တရက် သူမအနောက်ကနေ shower နံ့သင်းသင်းလေးနှင့် အပေါ်တပိုင်း ဗလာကျင်းလျက် အေးစက်သော လက်တစ်စုံက သူမခါးကို သိုင်းဖက်လာခဲ့သည်။

"လွမ်းနေခဲ့တာ"

ခေတ်သွေးတစ်ယောက် ရေချိုးခန်းထဲက ထွက်တာနဲ့ မီးဖိုချောင်ထဲမှာ သူ့အတွက် မနက်စာ ထည့်နေသော ယွန်းလှ၏ နောက်ကျောပုံရိပ်လေးကို မြင်လိုက်ပြီးနောက် တစ်ညလုံး စိတ်ကူးရင်ထားသမျှကို အကောင်အထည် ဖော်လိုက်လေတော့သည်။

"နင် ဒါဘာလုပ်တာလဲ"

ယွန်းလှ သူ့အနောက်မှ သိုင်းဖက်လာသော ခေတ်သွေးလက်များကို အလန့်တကြား လွှတ်ချမိလိုက်သည်။

ငယ်ငယ်ကတည်းက မင်းသားရှုံးအောင် ချောလွန်းသော ခေတ်သွေးက သူမအရှေ့မှာ အဝတ်ဗလာဖြင့် မတ်တပ်ရပ်နေခဲ့သည်။ မတွေ့ရသည့် (၆) နှစ်အတွင်းမှာ သူပိုချောလာသည်ကိုတော့ ယွန်းလှ ဝန်ခံပါသည်။ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်ကြောင့် အတင်းမေ့ယူထားသော အမှတ်တရများ ပြန်ပေါ်လာသည်ကိုတော့ သူမ လက်မခံနိုင်ပါ။

အတိတ်နွံထဲကို ထပ်မကျချင်တော့တာတော့ သူမရဲ့ စစ်မှန်သော ဆုတောင်းစကားပင်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now