အပိုင်း (၆၆)

1.2K 67 4
                                    

ယွန်းလှသည် တစ်ခါတစ်လေ customer အော်ဒါများအား သူမကိုယ်တိုင် လိုက်ပို့ပေးတတ်သည်.... သူမ အပင်တွေပတ်ပို့ရင်း စည်သူမှာထားသည့် အပင်လည်း ရောက်နေသည်နှင့် စည်သူ့အပင်ကိုပါ သူမကားပေါ်တခါတည်းယူလာခဲ့သည် ... စည်သူက သူ့အိမ်လိပ်စာပေးထား၍ သူမသွားပို့သည့် လမ်းကြောင်းနှင့် ကြုံနေသည်ကို တွေ့သောကြောင့်လည်းဖြစ်သည်... စည်သူ့ဖုန်းကိုဆက်ကြည့်သော်လည်း မကိုင်ချေ... ယွန်းလှလည်း သူတွေ့ရင် ပြန်ခေါ်လိမ့်မည်ဟုပဲထားလိုက်လေသည်...

သူမ စည်သူနေထိုင်ရာ ရပ်ကွက်ထဲကို ရောက်သည့်အခါ အရာအားလုံးသည် ရင်းနှီးနေသည်ဟု ခံစားရသည်... စည်သူပြောပုံအရဆို သူမငယ်ငယ်တုန်းက ဒီမှာနေသွားသည်တဲ့... သူမ အိမ်တွေကိုလိုက်ကြည့်သည့်အခါ တချို့အိမ်များသည်တော့ ပုံစံပြောင်း၍ စိမ်းနေသည်ဟု ခံစားရကာ တချို့အိမ်များကိုတော့ သူမရင်းနှီးနေသည်ဟု ခံစားရသည်... သူမကားမောင်းနေရင်းမှ ခြံတစ်ခုအရှေ့တွင် သူမကားကိုထိုးရပ်လိုက်မိသည်...

ခြံအကျယ်ကြီးအလယ်တွင် အိမ်တစ်လုံးတည်း ထီးထီးကြီးရှိနေလေသည်... သူမ မျက်လုံးထဲတွင် ထိုခြံနေရာတွင် ခြံနှစ်ခြံနှင့် အိမ်နှစ်လုံးပေါ်လာခဲ့သည်... သူမကားပေါ်မှ ဆင်းပြီး ခြံတံခါးရှိရာသို့ လျှောက်သွားလိုက်မိသည်... သူမမျက်စိထဲတွင် ခုနက ပုံရိပ်ပျောက်ကွယ်သွားပြီး ယခုရှိနေသော ခြံထဲတွင်ပင် အပင်တွေကို ရေလောင်းနေသည့် ပုံရိပ်တစ်ခုကို သူမခေါင်းထဲမြင်ယောင်လာခဲ့လေသည်

ခြံတံခါးကို တွန်းကြည့်သည့်အခါ တံခါးကစေ့ရုံပဲစေ့ထား၍ ပွင့်သွားခဲ့သည်... သူမကိုယ့်ကိုကိုပင် သတိမထားမိပဲ ထိုခြံထဲသို့ လျှောက်ဝင်လာခဲ့မိသည်... အရာအားလုံးသည် သူမနှင့် ရင်းနှီးနေသည့်နှယ်... သူမ မသိလိုက်ခင်ပဲ အိမ်တံခါးမကြီးအဝတွင် ခြေစုံရပ်မိသွားသည်... 

Ring... Ring.. Ring....

ရုတ်တရပ် သူမဖုန်းသံမြည်လာခဲ့၍...ထိုအချိန်မှ သတိဝင်လာကာ သူမခြေအစုံကို ငုံ့ကြည့်လိုက်မိသည်... ဖုန်းကို လက်ထဲမှာပဲကိုင်ထားသည်ဖြစ်ရာ သူမကြည့်လိုက်ချိန်တွင် စည်သူ့ဆီမှဖြစ်သည်... သူမလည်း အိမ်ရှင်တွေ သတိမထားမိခင် မြန်မြန်ပြန်ထွက်မည်ဟု စိတ်ကူးကာ ဖုန်းကိုကိုင်ရင်း ခြံတံခါးဆီသို့ ပြန်လှည့်လိုက်လေသည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now