အပိုင်း (၃၅)

2K 74 2
                                    

"အကိုလေး ...."
"အင်း ဝင်ခဲ့လေ"

ခေတ်သွေး မမြတ်နှင့် အလုပ်ကိစ္စပြောနေရင်း တန်းလန်းတွင်ပျံလွှား ဝင်လာခဲ့သည်...

"မမလေး နောက်ကို လိုက်နေတဲ့သူတွေရှိတယ် အကိုလေး..."

"ဒယ်ဒီ့လူတွေလား..."

"ဆရာ့လူတွေဆို jack တို့သိတယ်အကိုလေး... သူစိမ်းတွေလို့ ပြောတယ်... ရှင်းခိုင်းလိုက်ရမလား..."

"ခဏ စောင့်ကြည့်ခိုင်းလိုက် သူတို့ရှိတယ်ဆိုတာ တဖက်ကလူတွေ မသိစေနဲ့..."

"ဟုတ်ကဲ့ သိပါပြီ အကိုလေး..."

ဒယ်ဒီ့လူတွေလည်း မဟုတ်ဘူးဆိုရင် ယွန်းလှနောက်ကို လိုက်စရာလူ မည်သူရှိမည်နည်း... ယွန်းလှသည် ဒီအသိုင်းအဝိုင်းနှင့် မည်သို့မျှ မပတ်သတ်

"ဟဲလို သိရပြီလား..."

"ဟုတ်ကဲ့ သိရပါပြီ... သူမ အစက ကလောကို ဦးတည်သွားတယ် ဒါပေမယ့် ကားကွင်းမှာ လူတစ်ချို့ လာခေါ်သွားပြီး နောက်ပိုင်း ရက် အနည်းငယ်လောက် ပျောက်သွားခဲ့တယ်... ပြီးတော့ boss ကို ဖုန်းမဆက်ခင် တစ်ရက်အလိုမှာ သူမ လားရှိုးဘက်ကို ကားလက်မှတ် ထပ်ဖြတ်ခဲ့ပါတယ်... အခု လားရှိုးမြို့မစျေး အနီးက တည်းခိုခန်း တစ်ခုမှာ တည်းနေပါတယ်... ဘာဆက်လုပ်ပေးရမလဲ boss..."
"သူမ တစ်ယောက်တည်းလား..."
"ဟုတ်ကဲ့ တစ်ယောက်တည်းပါ..."
"ရက်နည်းနည်းလောက် စောင့်ကြည့်လို့မှ သူမနားမှာ လူတစ်ယောက်မှ ပေါ်မလာဘူးဆိုရင် စောင့်ကြည့်ခိုင်းထားတဲ့သူတွေကို ဘာအထိအခိုက်မှ မရှိစေဘဲ ငါ့ဆီ ခေါ်လာခိုင်းလိုက်..."
"ဟုတ်ကဲ့ သိပါပြီ boss..."
ယွန်းလှ လားရှိုး မြို့ကိုရောက်ပြီး သူမ ဖုန်းကို စက်ပိတ်လိုက်သည်... သူမ တစ်ယောက်တည်း ခေါင်းအေးအေးနှင့် အဖြေရှာရမည့် ကိစ္စများရှိနေခဲ့သည်လေ...

သူမ လားရှိုးမြို့မစျေးထဲ နေ့လည်စာ စားပြီး ထွက်အလာ တွင်တော့
"အင့်..."
"အာ sorry sorry ယွန်း မမြင်လိုက်လို့ပါ..."
"ရပါတယ်... သွားခွင့်ပြုပါအုံး"
သူမ အငေးလွန်ရင်း လူလျှောက်လာသည်ကို မမြင်ကာ ဝင်တိုက်မိသွားခြင်းဖြစ်လေသည်...
"အကိုလေး... သူတို့ဘက်ကစလာတယ် jack တို့ ရှင်းထားလိုက်ပြီ..."
"ဘယ်သူ လွှတ်လိုက်တာလဲ"
"မသိလိုက်ဘူးအကိုလေး jack တို့လည်း ၂ ယောက်တည်းဆိုတော့ သူတို့အလစ်မှာ ခေါ်ထုတ်သွားကြတယ်..."
"အင်း..."
Jack တို့ စောင့်ကြည်နေချိန်တွင် တစ်ဖက်မှ လူများသည် စျေးအပြန် လူရှင်းသော နေရာတွင် ယွန်းလှအား ခေါ်ဖို့ ပြင်တော့သည်... သို့သော် အချိန်ပြည့် စောင့်ကြည့်နေသော jack တို့သည် အရိပ်အခြည်နားလည်ကာ သူတို့ထက်အရင် ယွန်းလှကို တိုက်လိုက်သည့်အခါ နောက်ပြန်ဆုတ်သွားကြသည်... တဖက်တွင်တော့ jack လူနောက်တစ်ယောက်က သူဆို့ဆုတ်သည့် လမ်းတွင် အသင့်စောင့်နေလေသည်... အရည်အချင်း နေရာမှာ jack တို့က အသားအစီးရပေမယ့် လူဦးရေနေရာမှာ သူတို့ဘက်က သာသည်မို့ စစ်မေးဖို့ အခွင့်တော့ မကြုံလိုက်ချေ...ထို့ကြောင့် ခေတ်သွေးသည် အင်အားပိုတောင့်ဖို့ လိုနေချေပြီ... ဒါကို ခေတ်သွေးသိသော်လည်း အချိန်တိုအတွင်းဆို ဒယ်ဒီ့အကူညီယူမှ ရလေမည်... ထိုကဲ့သို့တော့ သူမလုပ်ချင်ချေ...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now