အပိုင်း (၇၁)

1.2K 60 1
                                    

"သူမတစ်ခုခုမှတ်မိသွားနိုင်လား?..."

ယွန်းလှနွယ်သည် ခေတ်သွေး၏ ကုတင်ပေါ်တွင် လဲလျောင်းနေသည်... မင်းထက်သာက ခေတ်သွေးဖုန်းဆက်ခေါ်သဖြင့် ရောက်လာခြင်းဖြစ်သည်....

"မင်းသိတဲ့အတိုင်း သူမက ကိုမာဝင်ပြီး သတိမေ့တာမျိုးမဟုတ်ဘူး... အထိတ်တလန့်ဖြစ်ရပ်နဲ့ကြုံကြိုက်တဲ့အချိန် သူမရဲ့ မသိစိတ်က မှတ်ဉာဏ်အချို့ကို ဝှက်ထားလိုက်တာမျိုးဆိုတော့ အနှေးနဲ့အမြန်သတိရလာမှာပဲ...."

"အင်း...."

"မင်းခြေထောက်အတွက်ကော မင်းနိုင်ငံခြားသွားဖို့စိတ်ကူးမရှိတော့ဘူးလား... ဒီမှာကုသနေတာက ဘာမှထိရောက်မှာမဟုတ်ဘူး... စက်ကိရိယာလည်း အစုံမရှိဘူး..."

"အဲဒါက အရေးမကြီးပါဘူး..."

"အဲဒါဆို ဘာကအရေးကြီးနေတာလဲ..."

"သူမမှတ်ဉာဏ်တွေပြန်မရဖို့..."

"ဒါက မင်းဖြစ်ချင်တဲ့အတိုင်းဖြစ်မှာမဟုတ်ဘူးလေကွာ..."

ထိုစဉ် ပျံလွှားဝင်လာလေသည်...

"အကိုလေး... ကိုမြတ်ထွန်းခေါင်ရောက်နေပါတယ်..."

မြတ်ထွန်းခေါင်၏ နံမည်ကြားသည်နှင့် မင်းထက်သာက နှာခေါင်းလေးရှုံ့ကာ ယွန်းလှဘက်လှည့်သွားသည်...

"ငါသိပြီ..."

ပျံလွှားထွက်သွားပြီးနောက် ယွန်းလှမျက်နှာကို ခေတ်သွေးတချက်ကြည့်လိုက်သည်... ထို့နောက် အခန်းထဲမှ ဝှီးချဲလေးသည် ဖြည်းညှင်းစွာ ထွက်သွားလေသည်...

ယွန်းလှနိုးနေတာ၁၀မိနစ်လောက်ရှိနေပြီဖြစ်၍ သူတို့ပြောတာတွေကို နားစွန်နားဖျားကြားလိုက်သည်... Rio လေးအခန်းမှ သူမနှင့် သားငယ်လေး၏ ပုံတူပန်းချီကိုမြင်ပြီးနောက်တွင်တော့ သူမ၏ တစ်ပိုင်းတစအိပ်မက်များက ရုပ်လုံးပေါ်လာပြီဖြစ်ရာ သူမမှတ်ဉာဏ်များကိုလည်း ပြန်လည်ရရှိပြီဖြစ်သည်... သူမထမည်ဟန်ပြုသော်လည်း ခေတ်သွေးဆီမှ သူမမှတ်ဉာဏ်များ ပြန်မရဖို့ကို ပြောသံကြားလိုက်ချိန်တွင်တေ့ာ သူမအိပ်ချင်ယောင်ပင်ဆက်ဆောင်နေခဲ့သည်... သူက သူမကိုအတိတ်မေ့စေချင်နေတုန်းပဲဆိုရင် သူမဘက်ကကော ဘာဖြစ်လို့ သတိရကြောင်းကို အထွေအထူးလိုက်ပြောနေရမှာလဲ.... ထိုယာဉ်တိုက်မှုမဖြစ်ခင်ကတည်းက သားငယ်လေးဆုံးသည့်အချိန်တွင် ကွာရှင်းခံရသည့် သူမအတွက် နာကျင်စရာ အမှတ်တရများသည် သူမဘယ်ဘက်ရင်အစုံကို အောင့်တက်လာစေသည်...သက်ပိုင်၏ ကားကို ကျော်တက်သွားချိန်တွင် သူမဘယ်လောက်စိတ်ပူနေသည်ကို သူမသိလေရော့... သူမ အသက်နှင့်တမျှ ချစ်ခဲ့ရ၍ ရင်နဲ့မဆံ့အောင်လည်း နာကျင်ခဲ့ရပြီးပြီ...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now