တီ....
"ဟဲလို...."
"စည်သူ ငါခေတ်သွေး..."
မနေ့ကမှ သူ့ကို စိတ်ဆိုးမာန်ဆိုးပြောလိုက်သည့်ကောင်သည် အခု သူ့ကို ဖုန်းဆက်နေ၍ စည်သူ အနည်းငယ်တော့ ကြောင်သွားသည်...
"အင်း ပြောလေ ခေတ်သွေး..."
"မနေ့က ငါနည်းနည်းလွန်သွားတယ် ... အဲဒါ ငါမင်းကို ညစာဖိတ်ကျွေးချင်လို့..."
"ဟေ တယ်ဟုတ်ပါလားကွ မင်းစိတ်ကူးတော့မဟုတ်လောက်ဘူး..."
မှန်ပါသည်... ခေတ်သွေးမှန်လျှင် မည်သည့်အခါမှ စမခေါ်တက်...
"အင်း.. ယွန်းက ခေါ်ခိုင်းလိုက်တာ..."
"အင်း..."
စည်သူ့ဘက်မှ အတန်ငယ် ငြိမ်ကျသွားတယ်...
"မင်းလာရင် ငါ့သားအတွက် လက်ဆောင်ဝယ်ခဲ့ကွာ..."
"မင်းသား...?"
"အေး မနေ့က မင်းလာတုန်းက သားအိပ်နေလို့ ... ငါနဲ့ ယွန်းမှာ သားတစ်ယောက်ရှိနေပြီ ၃နှစ်ရှိပြီ..."
စည်သူသည် ဆယ်တန်းပြီးကတည်းက နိုင်ငံခြားထွက်သွားခြင်းဖြစ်ရာ ခေတ်သွေးနဲ့ အဆက်မသွယ်မရသည်မှာ အတော်ကြာပြီလေ... အခုလို ခေတ်သွေးက ယွန်းနဲ့ ယူလိုက်သည့်အပြင် ကလေးပါ ရှိနေသည်ဆိုတာကတော့ သူဘယ်တော့မှ တွေးထားမိမှာမဟုတ်....
"အင်း ငါဝယ်လာခဲ့မယ် သားကြီး...."
"အင်း..."
တဖက်မှ ဖုန်းချသွားသည်နှင့် စည်သူ ကားနှင့် နီးစပ်ရာ ရှောပင်းမောလ်သို့ ထွက်လာလေသည်...
"လာ ကိုစည်သူ..."
ခေတ်သွေးတို့ခြံထဲတွင် အစောင့်များစွာရှိလေသည်... သူပထမ တစ်ခေါက်လာတုန်းက ထိုလူစု၏ တစ်ဝက်ပင်ရှိလိမ့်မည်... အခုက ခေတ်သွေးပါရှိနေလို့ လူကနှစ်ဆ များနေရခြင်းလား...
စည်သူတစ်ယောက် ငေးရင်း တွေးရင်း ဝင်လာသဖြင့် ခြံထဲတွင် အပင်တွေကို ရေလောင်းနေသည့် ယွန်းလှက ခေါ်လိုက်လေသည်...
"ဟိုကျွန်တော် ကလေးအတွက် လက်ဆောင်လေးတွေ ဝယ်လာတယ်..."
"အို အားနာစရာကြီး ခေတ်သွေးပြောလိုက်တာလား... အကို မနေ့က သားကိုမှ မတွေ့သွားတာ..."