အပိုင်း (၃၃)

3.4K 108 8
                                    


အိပ်မက်တစ်ခုသူမက်ခဲ့သည်... ထိုအိပ်မက်သည် သူ့အတွက်အလွန်လှပခဲ့သည်... သို့သော်........

"အကိုလေး.... အကိုလေး.... အကိုလေးအဆင်ပြေလား... "

အပြင်ဘက်မှ အော်မေးသံတွေကြောင့် ခေတ်သွေးနိုးထလာခဲ့သည်.... 

သူ၏ရင်ခွင်ထဲတွင်တော့ တင်းကျပ်စွာ ထွေးပွေးမိထားခဲ့သည် ကိုယ်ခန္ဓာလေးတစ်ခုရှိလို့နေသည်...

"ဟာ.... ယွန်း... ယွန်း... ကျွတ်... ကိုယ်တွေပူနေတာပဲ..."

ခေတ်သွေး လှုပ်နိုးသော်လည်း မနိုးလာသော သူမသည် ကိုယ်တွေပူနေတာကို သူသတိထားမိသွားသည်... သူမခန္ဓာကိုယ်တွင်လည်း ကိုက်ရာများ၏ ညိုမဲစွဲအရာများ ပြည့်နေလေတော့သည်... ခေတ်သွေးသည် အောက်တွင်ကျနေသော သူ၏ရှပ်အကျီလက်ရှည်ကို သူမအားဝတ်ပေးကာ စောင်ခြုံပေးလိုက်ပြီး ဘောင်းဘီကို ပြင်ဝတ်လိုက်လေသည်... ထို့နောက်သူသည် အခန်းတံခါးဆီသို့ လျှောက်သွားလေတော့သည်...တံခါးဝတွင်တော့ ပျံလွှားနှင့် သူ့လူ ၃ ယောက်တို့ စိုးရိမ်ကြီးစွာ စောင့်လို့နေခဲ့သည်...

"အကိုလေး...."

ပျံလွှား၏ခေါ်သံကို သူလက်ကာပြလိုက်ရင်း

"ငါ့ကို ဒီမြို့ထဲက ဆရာဝန်တစ်ယောက် အမြန်ဆုံးနည်းနဲ့ ခေါ်လာခဲ့ပေး... မိန်းကလေးဖြစ်ပါစေ..."

"ဟုတ်ကဲ့အကိုလေး..."

ပျံလွှားသည် နောက်က ၃ ယောက်ထဲမှ တစ်ယောက်အား ဆရာဝန်ရှာရန် ညွှန်ကြားပြီးနောက် ခေတ်သွေးဘက်လှည့်ကာ

"ဆရာတို့က မနက်က ထွက်သွားပြီအကိုလေး... ကျွန်တော်တို့ သူတို့ထွက်သွားမှ ဝင်ခွင့်ရခဲ့လို့ တောင်းပန်ပါတယ်အကိုလေး..."

"ထားလိုက်တော့ ငါတို့ညံ့လို့ခံလိုက်ရတာပဲ... အရင်ဆုံး ငါဝတ်ဖို့ အဝတ်တစ်စုံနဲ့ သူမရဲ့ အဝတ်အစားအိတ်ကိုရှာယူခဲ့ပေး..."

"ဟုတ်ကဲ့ အကိုလေး...."

ပျံလွှားထွက်သွားပြီးနောက် ခေတ်သွေးသည် ယွန်းလှ၏ခန္ဓာကိုယ်လေးအား ကုတင်ပေါ်မှ ပွေ့ကာ ရေချိုးခန်းဆီသို့ သယ်ဆောင်သွားလေသည်... ထို့နောက် ယွန်းလှ၏ခန္ဓာကိုယ်အား ရေပတ်တိုက်ပေးရင်း သူပါရေချိုးလိုက်လေသည်... အပြင်ဘက်တွင်တော့ ပျံလွှားမှ သူ၏အဝတ်အစားများနှင့် သူမအဝတ်အိတ်အား ဝင်ထားပြီး ပြန်ထွက်သွားလေသည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now