💜1💜

14.2K 582 447
                                    

koreaရဲ့ဂျိုဆွန်းခေတ်ကုန်ပြီး
ဂျပန်တွေအုပ်စိုတဲ့အချိန်ကာလမှာအသိုင်းဝိုင်းကြီးတွေက
ဝတ်စားဆင်ယင်ပုံနဲ့အိမ်ပုံစံတွေပြောင်းလဲတည်ဆောက်ကြဘေမဲ့အောက်ခြေလူတန်းစားဖြစ်တဲ့ လက်လုပ်လက်စား
လယ်သမား ကျေးကျွန်တွေကတော့ဂျိုဆွန်းခေတ်အဝတ်စားနဲ့သာ~

"ဂျောင်ကု ဒီဟာလေးမီးဖိုထဲပို့ပေးဦး~"

"Nae~"

အသက်​26နှစ်အရွယ်ဂျွန်ဂျောင်ကုဆိုတဲ့ကောင်လေးကတော့
kimအိမ်တော်ရဲ့ကျေးကျွန်ဖြစ်ပြီး
အဖွားဖြစ်သူနဲ့မီးဖိုဆောင်မှာနေရတယ်။

"အိမ်တော်ကိုခနခနမသွားနဲ့နော်ငါ့မြေး
သခင်ကြီးသတိထားမိရင်အပြစ်ပေးခံနေရမယ်~"

"ဟုတ်ကဲ့ပါအဖွား ခနခနမသွားပါဘူး~"

ဂျောင်ကုတစ်ယောက်အကြောင်းမရှိအကြောင်းရှာပြီး
အရှေ့အိမ်တော်ကိုခနခနသွားနေတာကသူ့ထက်
ငါးနှစ်ငယ်တဲ့သခင်ငယ်လေးကင်မ်ထယ်ယောင်းကိုသွားချောင်းတာ~

"သွားတာသွားတယ်တွေ့ရောတွေ့ခဲ့ရဲ့လား~"

"အရင်အတိုင်းမတွေ့ခဲ့ပါဘူးအဖွားရယ်~"

ဂျောင်ကုဆယ်နှစ်အရွယ်ကတည်းက
ကြိုက်ခဲ့ရတဲ့ထယ်ယောင်းကငယ်ငယ်ကတော့
သူနဲ့လာလာဆော့ကစားဘေမဲ့ဆယ့်သုံးနှစ်အရွယ်ရောက်လာတဲ့ထယ်ယောင်းကကျန်းမာရေးချူချာလာပြီးအခန်းထဲကသိပ်မထွက်ရတော့~

"ကျန်းမာရေးမကောင်းသေးဘူးနေမှာ
သခင်လေးသနားပါတယ်ငယ်ကတည်းက
ကျန်းမာရေးချူချာတာ~"

"မတွေ့ခဲ့ရဘေမဲ့သတင်းတစ်ခုတော့ကြားခဲ့ရတယ်
သခင်လေးကမြို့အုပ်မင်းစာမေးပွဲဖြေဖို့လုပ်နေတာတဲ့~"

"ဟုတ်လား ကောင်းပါတယ်~"

"မတွေ့ရတာအရမ်းကြာနေပြီ
အခုဘယ်လောက်အရွယ်ရှိပြီလဲမသိဘူး
အသက်က21ဆိုတော့ ရေခပ်တဲ့ကောင်လေးလောက်ရှိပြီထင်တယ်~"

"သူများတွေရှေ့သခင်လေးအကြောင်းမပြောနဲ့နော်
ဆင်ဆင်ခြင်ခြင်နေ~"

"ဟုတ်ကဲ့ပါအဖွား~"

အဲ့ခေတ်ကြီးမှာလိင်တူကြိုက်တာတွေမရှိသလို
လိင်တူကြိုက်တာကိုလဲဂျပန်တွေကကန့်ကွက်ထားပြီး
သိရင်ရွာအလယ်မှာကိုယ်လုံးတီးနဲ့ကြိုးတုပ်ကျောက်ခဲနဲ့ထုသတ်တာမို့ဂျောင်ကုအတွက်သူ့အဖွားစိတ်ပူတာမဆန်း~

~~ငွေ့~~{Complete}Where stories live. Discover now