part (36)

979 31 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၃၆)
နေ့လယ်စာ စားချိန်သို့ ရောက်သော အခါ လီယိုသည် ခါတိုင်းကဲ့သို့ ရိုက်ကူးရေး အဖွဲ့သားများနှင့် အတူတူ မစားဘဲ ထမင်းခြင်းကြီးနှင့် သစ်သီးခြင်းကြီးကို ဆွဲကာ ခပ်တည်တည်နှင့် အဲလက် ရှိရာသို့သာ ထွက်လာခဲ့လေသည်။

"ဟယ် တို့ မင်းသားက တို့တွေနဲ့ အတူတူ မစားတော့ဘူးတော့"

"ဟာ
ဟာ
မင်းသား မထင်ရဘူးနော်။
ဒီလို ရိုတတ်လိမ့်မယ်"

လို့ ဆိုသည့် စကားသံတွေ အကုန်လုံးက နောက်ကျော ဘက်၌ ကျန်ရစ်ခဲ့လေသည်။

ရိုက်ကူးရေး လုပ်ရင်း လှမ်းငေးကြည့်လို့ မရခဲ့သည့် အဲလက်၏ မျက်နှာလေးကို မြင်ချင်လှပြီလေ။
ဒီမျက်နှာလေးကို ပြန်မြင်ခွင့်ရဖို့ နှစ်ပေါင်း ဘယ်လောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသလဲ?ကျတော့်ကိုယ် ကျတော်သာ အသိဆုံး၊

သူ့အနီးနားသို့ လက်နှစ်ဖက်မှာ ခြင်းနှစ်ခြင်း ကိုင်ဆွဲကာ ရောက်ချလာသော လီယို့ ကို ထင်စေအဲလက်က မော့ကြည့်သည်။

ကြည့်ပါဦး ဘယ်လောက်တောင် မြင်ရဖို့ စောင့်နေခဲ့တဲ့ အကြည့်တွေလည်း နွေးထွေးလိုက်တာ လို့ ထင်စေအဲလက် ၏ ရင်ထဲက တိတ်တခိုးလေး ရေရွတ်လိုက်မိသည်။

"ဟော
နေ့လယ်စာ စားချိန်တောင် ရောက်နေပြီလား"?

"ဟုတ်တာပေါ့ ။
ချစ်လေးက စာဖတ်နေတော့ သတိမထားမိတာ။မောင်ကတော့ တော်တော်ကို စားချင်နေပြီကွာ"

"ဗိုက်ဆာနေတာလား မောင်က"?

"မဟုတ်ပါဘူး"

ဟင်။တော်တော်စားချင်‌ေနပြီလို့လည်း ပြောတယ်။ဗိုက်ဆာနေပြီလား ဆိုတော့လည်း မဆာဘူးတဲ့။

"ဒါဖြင့် ဘာလို့ တော်တော်လေး စားချင်နေရတာလဲ"?

စိတ်မရှည်သည့် အသံဖြင့် ဆောင့်ဆောင့်လေး ပြောမိတာကိုတောင် လီယိုက ထမင်း ချိုင့်တွေကို တဆင့်ချင်း ဖြုတ်ပြီး စားပွဲခုံပေါ် တင်နေရာကနေ ကျတော့်ကို ပြုံးပြီး ကြည့်လိုက်လေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now