part (06)

1.8K 79 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း
အပိုင်း(၆)
ညီလာခံ ခန်းမထဲသို့ ဝင်လိုက်တော့ ခပ်မတ်မတ် ပုံစံနှင့် ဘေးချင်းယှဉ်လျှက် လမ်းလျှောက်လာရင်းကပင် အဲလက်မှာ ဦးရီးတော် လီယို့ကို ခိုး ခိုး ပြီး ကြည့်နေမိသည်။
ဆံပင်ရှည်ရှည်နက်နက်မှောင်မှောင်တွေကို ခပ်ရိုးရိုး ခပ်ရှင်းရှင်း ဆံထုံး ထုံးထားပြီး ပုလဲဆံထိုး တခုကို ထိုးထားသည်မှာ ဦးရီးတော်လီယို၏ မျက်နှာ ကျပုံနှင့် လိုက်ဖက်လှသည်။
ရွှေညိုရောင် ဝတ်ရုံစပေါ်၌ ရွှေရောင် အပွင့် ၊အခက်တွေ ပါသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ဖြင့် လမ်းလျှောက်နေဟန်မှာ မြင်သူတိုင်းကပင် ငေးမောနေမိရလောက်အောင် ခန့်ညား နေ‌ေလသည်။

"ရှေ့ကို ကြည့်လျှောက်လေ ကြယ်နတ်သားလေးရဲ့ တော်တော်ကြာ ခလုတ်တိုက်ပြီး လဲနေအုံးမယ်"

ဦးရီးတော်လီယိုက သတိပေးလိုက်မှ အဲလက်လည်း သတိဝင်လာကာ ရှေ့‌၊ဝဲ၊ယာ တို့ကို ကြည့်နေမိလေသည်။
သူ့ကဲ့သို့ပင် လူတော်တော်များများက ဦးရီးတော်လီယိုကို ငေးမော နေတာကို မြင်လိုက်ရသည်။

"ဦးရီးတော် မင်းသား အခစားဝင်လာပါတယ် မင်းကြီး"

ဦးရီးတော် လီယိုက မင်းကြီးအား  အရိုအသေပေးကာ လျှောက်တင်လိုက်လေသည်။

အဲလက်လည်း မင်းကြီးဆိုသူကို လှမ်းပြီး ခိုးကြည့်မိသည်။အသက်အရွယ် ခပ်ငယ်ငယ်နှင့် ချောမော ခန့်ညားကာ ဥပဓိရုပ်လည်း သန့်ပြန့်ပေမယ့် ရှုတည်တည်ကြီး ဖြစ်လို့ နေသည်။

"ဦးရီးတော်နှင့် အတူပါလာတာ အထိန်းတော်ကြီးရဲ့ တူ‌ဆိုတဲ့ သူလား ဦးရီးတော်"

"ဟုတ်ပါတယ် မင်းကြီး
မင်းကြီး တွေ့ချင်တယ် ဆိုလို့ ခေါ်လာခဲ့တာပါ"

မင်းကြီးက ထိုင်နေရာကနေ အဲလက်ကို စူးစမ်းသလို ခြေဆုံး၊ခေါင်းဆုံး ကြည့်နေလေသည်။

"အထိန်းတော်ကြီးရဲ့ တူတော်တယ် ဆိုတာ ဟုတ်သလား မောင်မင်း"

ခပ်စိမ်းစိမ်းကြီး စိုက်ကြည့်ကာ မေးလိုက်သော မင်းကြီး၏ မေးခွန်းကြောင့် အဲလက်မှာ အလိုလိုနေရင်း မျက်လွှာချပြီးသား ဖြစ်သွားလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now