part (14)

1.1K 47 3
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၁၄)
နှစ်ယောက်သား ပျော်ပျော်မြူးမြူးနှင့် အဲလက်အတွက် မိန်းကလေးဝတ်တွေလည်း ဝယ်လာသလို၊အရသာ ရှိတာတွေလည်း စားသောက်လာကြပြီး
ပြန်အလာ၌ ဦးရီးတော်၏ နန်းဆောင်ရှေ့တွင် မိန်းမလှလေး ဘီဘီ ၏ ဝေါယာဉ်ကို မြင်လိုက်ရလျှင် အဲလက် တယောက် မျက်စိပျက်၊မျက်နှာ ပျက်နှင့် ဦးရီးတော်လီယို အား လှည့်ကြည့်သည်။

ဦးရီးတော်လီယိုကတော့ အဲလက် မျက်နှာပျက်သွားတာကို မရိပ်မိပါဘူး။
မိန်းမလှလေး ဘီဘီရှိရာသို့ သာ မြင်းကို ဒုန်းစိုင်း ပြီး မောင်းနှင်သွားလေသည်။

ပြီးတော့ ဝေါယာဉ်ရဲ့ အနားကို ရောက်လာတာနဲ့ မြင်းပေါ်ကနေ ဖျတ်ကနဲ ဆင်းကာ ဝေါယာဉ် ရှေ့က အုပ်ထားသည့် ဇာပဝါပါးကိုသာ ပြေးလှန်လိုက်ပြီး

"ဘီဘီ ရောက်နေတာ ကြာပြီလားဟင်"?

လို့ မေးလိုက်လေသည်။
အဲလက်ကိုလည်း မြင်းပေါ်ကနေ ချပေးဖို့ မေ့နေဟန်ရှိသည်။
အဲလက်မှာ ကိုယ့်ဘာသာ ကိုယ် စမ်းစမ်း စမ်းစမ်းနှင့် မြင်းပေါ်ကနေ ဆင်းလိုက်ရသည်။

"မကြာသေးပါဘူး ဦးရီးတော်ရဲ့့
ဒါနဲ့ ဘီဘီမပါဘဲနှင့် ဘယ်တွေ ကိုများ သွားနေတာပါလိမ့် ဦးရီးတော်"

သူတို့ နှစ်ယောက် စကားတပြောပြောနှင့် ဘီဘီက ဝေါယာဉ်ပေါ်ကနေ ဖြည်းဖြည်းလေး၊နူနူညံ့ညံ့လေး ဆင်းလာသည်။
ဦးရီးတော် လီယိုကလည်း ဘီဘီ့လက်ကလေးကို ဆွဲကာ အသာအယာလေး ဆွဲခေါ်ထုတ်လိုက်လေသည်။

နှစ်ယောက်သား ကယုကယင် ဖြစ်နေပုံ၊ဘီဘီနှင့်ဆို ဦးရီးတော် လီယို၏ မျက်နှာကြီးမှာ ပျားသကာကဲ့သို့ ချိုမြပြုံးရွှင်နေပုံတို့ကို ကြည့်ကာ အဲလက်မှာ တယောက်တည်း သီးသန့် ကမ္ဘာသို့ ရောက်သွား သလို ခံစားလိုက်ရလေသည်။

"အို အဲလက်လည်း ရှိနေတာပဲ"

မြေကြီးပေါ်ကို ခြေချမိမှ ဘီဘီက အဲလက်ကို မြင်လိုက်ဟန် တူသည်။
နှုတ်ဆက်စကား ဆိုသည်။နှုတ်ဆက်စကားနှင့် အတူ ခေါင်းအစ၊ခြေအဆုံး  မိန်းကလေးလို ဝတ်ဆင်ထားကာ လှပနေသော အဲလက်ကို သေသေချာချာကြည့်ကာ အကဲခတ်နေလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now