part (35)

921 31 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသား သို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၃၅)
ဒီနေ့ ညနေလည်း ကြည်ပြာက စူပုတ်ပြီး ပြန်လာကာ သူ့မင်းသားကို သူ မနိုင်တိုင်း ကျတော့်ကို လာဆောင့်အောင့်သည် ။

"ထင်စေအဲလက် နင့်ဘဲ ကို နင်မထိန်းတော့ဘူးလား"?

"ဟမျ ဘာလဲဟ"?

"ငါစိတ်ညစ်တယ် ဒီနေ့ ငရုတ်သီးထဲကို ဘဲသား အဆာသွပ်ဟင်းတွေ ချက်လာတယ်"

"ကောင်းမှာပဲ ငါတောင်စားချင်တယ်လေဟာ အဲဒါ ဘာများဖြစ်လို့ တုန်း ကြည်ပြာရဲ့"

"မကောင်းဘူးဟ မကောင်းဘူး
မဆလာတွေကလည်း အလွန်အကျွံထည့်ထားသေးတယ် မနေ့ကကျ ငံတူးနေတာ ၊ဒီနေ့ကျ ပေါ့ရွှတ်နေတာ၊
ငါစိတ်တိုတာကဟာ သူချက်တဲ့ဟင်းကို သူကျ မစားဘူး ။ငါတို့ချည်းပဲ ထည့်ကျွေးနေတာကိုပဲ
ငါ့မယ် ငါစားချင်နေတဲ့ အိမ်က ပသျှူးထမင်းကြော်လေးကိုတောင် အရသာခံပြီး မစားရဘူး။
သူ့ဟင်းကို အားနာပါးနာနဲ့ စားပေးလိုက်ရတာ အရသာတောင်ပျက်တယ်"

"အေးပါ ငါပြောလိုက်ပါ့မယ်"

ပြောလိုက်ပါ့မယ်လို့သာ ပြောနေတာ ကျတော့် မျက်နှာက ပြုံးစိစိ ပုံပေါက်နေလို့ ထင်သည်။ကြည်ပြာ က နောက်ထပ်တခါ ထပ်မှာသည်။

"ဆက်ဆက်ပြောလိုက်နော် ထင်စေအဲလက်"

"အေးပါဟာ"

"တနေ့ တနေ့ကို ဘယ်လို ဖြတ်သန်းရမှန်း မသိတော့ဘူး စိတ်တွေ ညစ်လွန်းလို့။"

ပြောပြီး ပြီးချင်းပဲ ကြည်ပြာက သူ့ဆံပင်တွေကို ဖွပစ်လိုက်ကာ ကျတော့်အနားကနေ ထွက်သွားလေသည်။

ကြည်ပြာထွက်သွားမှ
နေ့လည်က ကျတော့် ဆီကို ဖုန်းဆက်ပြီး ကြွားသွားသော မင်းသားလီယိုကို ဖျတ်ကနဲ သတိရမိလိုက်သည်။
ဘာတဲ့
သူချက်ပြီး ထည့်လာတဲ့ ငရုတ်ပွသီး ဘဲသားအဆာသွပ် ဆီပြန်ဟင်းကို ရိုက်ကွင်းက အဖွဲ့သားတွေ ခေါင်းမဖော်တမ်း အားရပါးက စားကြတယ်ဆိုပဲ။

ဪ မင်းသား
မင်းသား
ကျတော်လို လူသားလေးက ပူဆာတာနဲ့ပဲ ဒီလောက်ကြီး အထိ ကြိုးစားပမ်းစား ချက်ပြုတ် လေ့ကျင့်နေတော့တာပဲလား?။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now