part (23)

944 40 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၂၃)
"ဗွမ်း"
ဦးရီးတော်လီယို တယောက် ရေကန်ထဲ၌ ရေကူးနေလေသည်။ညက ကောင်းကောင်းမွန်မွန်ပင် အိပ်ပျော်ခဲ့လေသည်။အဲလက်‌ေလး တယောက် နန်းဆောင်တော် အတွင်း၌ ရှိနေသည် ဟူသော အသိက ရင်ကို အေးစေသည်။
စိတ်သောကတွေ ကင်းဝေးစေသည်။
ထို့ကြောင့်ပင်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကာ ကြည်ကြည်လင်လင် နိုးထလာခဲ့ရလေသည်။

အိပ်ရာက နိုးနိုးချင်း ရေဆင်းကူးချင်မိတာကြောင့် နန်းဆောင်တော်တွင်းရှိ ရေကန်ထဲ၌ပင် တယောက်တည်း ရေကူး
နေမိလေသည်။

ရေ၏အအေးဓာတ်ကြောင့် ပိုပြီး အေးမြသော ခံစားချက်ကို ခံစားရလေသည်။ဦးရီးတော်လီယို နိုးတော့ အဲလက်လေးက အိပ်နေဆဲပင် ဖြစ်‌ေလသည်။

မနှိုးရက်တာကြောင့် တယောက်တည်းပဲ ရေဆင်းကူးနေမိတာဖြစ်‌ေလသည်။

......................
နွေးထွေးသော အထိအတွေ့ကြောင့် အဲလက်တယောက် နိုးလာလေသည်။
ပြတင်မှန်တံခါးကနေ နေရောင်ခြည်နွေးနွေးလေးက အခန်းတွင်းသို့ ကျရောက်လာလေသည်။

"ဝါး  နေတောင်ထွက်လာနေပြီပဲ။
ဦးရီးတော်ကလည်း လာလည်း မနှိုးဘူး။"

အဲလက် သည် အိပ်ရာထက်မှ ထကာ စောင်တွေ ခေါက်လိုက်လေသည်။
ပြီးတော့ အခန်းထဲမှ ထွက်ကာ
ဦးရီးတော် လီယို၏ အခန်းဘက်သို့ ထွက်လာခဲ့လေသည်။

"ဒေါက် ဒေါက်"

"ဦးရီးတော် ဦးရီးတော်"

အခန်းတံခါးကို ခေါက်လိုက်ပြီး ခေါ်လိုက်ပေမယ့် ဦးရီးတော်လီယိုက တံခါးမဖွင့်ပေးတာကြောင့် အဲလက်လည်း တံခါး ချပ်ကို လှပ်ပြီး ကြည့်လိုက်လေသည်။

"ဟင် အခန်းထဲမှာလည်း မရှိဘူး။
ဘယ်များ သွားပါလိမ့်။
ဦးရီးတော်
ဦးရီးတော်"

"ဗွမ်း"

"ဟော "

နန်းဆောင်၏ အနောက်ဘက်က ရေကန်ဆီမှ  ရေသံကြားရလေသည်။

"လက်စသတ်တော့ ရေကူးနေတာကိုး"

အဲလက်သည် ရေကန်ရှိရာသို့ အပြေးကလေး ထွက်လာခဲ့လေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now