part (27)

1K 35 0
                                    

အပိုင်း(၂၇)
အဲလက်က ပျာပျာသလဲ ရှင်းပြပေမယ့် ဦးရီးတော်၏မျက်နှာ ကြီးက တည်ပြီးတင်းနေဆဲပင် ဖြစ်နေသည်။

"ကျ‌ ကျတော်တောင်းပန်ပါတယ်နော် ဦးရီးတော်။ကျတော့်ကို ခွင့်လွှတ်ပါ"

အဲလက်က ဦးရီးတော်၏ ရှေ့၌ မျက်နှာငယ်လေးနှင့် တောင်းပန်နေလေသည်။

ဦးရီးတော်က လေပူတချက်ကို မှုတ်ထုတ်လိုက်ပြီး အဲလက်၏ မျက်နှာကို မကြည့်မိအောင်နေနေရာကနေ အဲလက်က သူ့အနီးသို့ ချဉ်းကပ်လာမှုကိုလည်း လက်တဖက်နှင့် ကြိုကာ ကာ တားလိုက်လေသည်။

ပြီးတော့ လေသံကို အတည်ငြိမ်ဆုံး ဖြစ်အောင် ထိန်းလိုက်ပြီး

"ခဏလောက် အချိန်ပေးပါဦး အဲလက်ရယ်။အကိုတော် အခုတော့ ခဏလောက်လေညင်းခံမှ ဖြစ်မယ်"

ပြောပြောဆိုဆိုနှင့်ပင် ဆတ်ကနဲ သူ၏ အပေါ်ဝတ်ရုံရှည်ကို ယူကာ သူ၏ခန္ဓာကိုယ်ပေါ်၌ လွှမ်းခြုံ လိုက်ပြီး
နန်းဆောင်၏ အပြင်ဘက်သို့ ခြေလှမ်း ကျဲကြီးတွေနှင့် လွှားကနဲ လွှားကနဲ ထွက်သွားလေတော့သည်။

"ကျတော်လည်း လိုက်မယ် ဦးရီးတော်"

ဦးရီးတော်က သူ၏ စီးနေကျ အုန်းခွံရောင် မြင်းကြီးကို မြင်းဇောင်းထဲမှ ထုတ်နေရာကနေ အဲလက်ကို လှမ်းကြည့်ကာ

"အခုတော့ အကိုတော် တယောက်တည်း ပဲ သွားချင်တယ်"

လို့ လေသံ ခပ်မာမာကြီးနှင့် ပြောကာ မြင်းကို စီးပြီး နန်းတွင်း၏ အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။

အဲလက်မှ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်ကာ မျက်နှာငယ်လေးနှင့်ပင် ငေးမောကြည့်လျက် ကျန်ရစ်ခဲ့ရ ရှာလေသည်။
..................
ညနေအချိန်လောက်က အပြင်သို့ ထွက်သွားသော ဦးရီးတော်ကို အဲလက်တယောက် ညစာ မစားဘဲနှင့် စောင့်ဆိုင်းနေပေမယ့် ညဉ့်နက်တဲ့ အထိ
ဦးရီးတော်က ပြန်မလာသေးချေ။

သန်းခေါင်ကျော် အချိန်၌လည်း ဦးရီးတော်က ပြန်မရောက်လာသေးပေ။အဲလက်၏ ရင်ထဲ၌ စိုးရိမ်ပူပန်စ ပြုလာလေသည်။
ဦးရီးတော် တယောက် အန္တရာယ် တခုခု နှင့် ရင်ဆိုင်နေရမှာကို စိုးရိမ်နေလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now