part (17)

1K 54 2
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၁၀)

နန်းထိန်းအကို တွန်၏ စကားကြောင့် အဲလက်တယောက် မနက်စာကို အနည်းငယ်လောက် ဝင်အောင်စားလိုက်သည်။
စတိလောက်သာ စားပြီး နန်းထိန်း အကို တွန် အား မျက်လုံးလေးနှင့် ကြည့်ကာ ကျတော် မနက်စာ စားတယ်နော် အကိုတွန် ၊ရှေ့ဖြစ်ဟော ပေးတော့ မလား ဟူ‌ေသာ အဓိပ္ပာယ်နှင့် လှမ်းပြီး ကြည့်နေလေရာ နန်းထိန်း အကိုက ရယ်နေလေသည်။

"ဒီ ပန်းကန်လေးနဲ့ တပန်းကန်တော့ ကုန်အောင်စားလိုက်ပါ အဲလက်ရယ် နော်"

"ကျတော် အရမ်းသိချင်လာပြီ အကိုတွန်ရဲ့"

အဲလက် က စိတ်မရှည်တော့ ဟန်ကလေးနှင့် ပြောနေသည်ကို အကိုတွန်က သဘောကျနေလေသည်။

ဒီကောင်လေးဟာ ဒေါသထွက်ပြီး အစွမ်းတွေ ထုတ်သုံးချိန်မှာ ကြောက်စရာ ကောင်းသလောက် ၊အခုလို သာမန် အချိန်မျိုးမှာဆို ဖြူဖြူစင်စင်လေးနှင့် ချစ်စရာ ကောင်းလိုက်တာ လို့ တွေးမိနေပြန်သည်။

"ကဲ မြန်မြန်သိချင်ရင် ကုန်အောင် စားလိုက်လေ အဲလက်ရယ်"

"အကိုကလည်းဗျာ"

လို့ ညည်းညည်းညူညူ လေး ရေရွတ်ကာ ပန်းကန်ထဲက ဟင်းတွေ၊ထမင်းတွေကို ခပ်သွက်သွက် ကလေးပင် ကုန်အောင် စားပစ်လိုက်လေသည်။

"ကဲ အခု တပန်းကန် ကုန်သွားပြီ။
ဟောပေးတော့။"

"အဟမှး အဟမှး
ကဲ ငြိမ်ငြိမ်လေးနေနော် အကို အာရုံခံလိုက်အုံးမယ်"

လို့ ပြောကာ ကျကျနန ထိုင်ကာ အာရုံခံစားကြည့်လိုက်သည်။

အဲလက် ကြည့်နေတုန်းမှာပင် နန်းထိန်းအကို၏ မျက်နှာသည် အာရုံခံစားနေရင်းကပင် အလိုမကျသည့် ပုံစံပေါ်ပေါ်လာလေသည်။ကြည့်နေရင်းကပင် အဲလက်မှာ စိုးတထိတ်ထိတ် ဖြစ်ရသည်။

ဦးရီးတော်လီယို့ ဆီ မှာ အန္တရာယ်တွေ ကျရောက်လာမှာကို အဲလက် မလိုလားချေ။

ဖျတ်ကနဲ နန်းထိန်းအကိုက မျက်လုံးတွေ ပွင့်လာသည်။ပြီးတော့ စိတ်မကောင်းသည့် မျက်နှာ မျိုးနှင့် အဲလက်ကို ငေးကြည့်ကာ

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now