part (29)

962 36 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၂၉)
နန်းထိန်း အကိုနှင့် နှုတ်ဆက်ပြီးသည့် အခါ အဲလက်မှာ အကြာကြီးပင် စိတ်မကောင်း မဖြစ်အားချေ။
ဦးရီးတော်ရှိရာ အချုပ်ထောင်ဘက်သို့ ပြန်ပြီး ပျံသန်းလာခဲ့သည်။

လမ်းခရီး၌
ဦးရီးတော် အစာရော စားရရဲ့လား?
သက်တောင့်သက်သာရော နေရပါ့မလား?
ရိုက်နှက် နှိပ်စက်ခံရရင်တော့ ရင်တွေ ကွဲရချည်ရဲ့ လို့ တွေးနေမိသည်။

ဦးရီးတော် ရှိရာ အချုပ်ထောင် ဘက်သို့ အဲလက်ရောက်လာသောအခါ
ဦးရီးတော်အား ညဘက်ကြီး ရုံးထုတ် စစ်ဆေးနေလေသည်။

ရုံးထုတ်စစ်ဆေးသည်ဟု ဆိုသော်လည်း ညှင်းပန်း နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာ ဖြစ်တာမို့ ဦးရီးတော်၏ ဝတ်ရုံပေါ်၌ သွေး အလိမ်းလိမ်း ပေရေနေ‌သည်ကို အဝေးကပင် မြင်နေရချေသည်။

ဦးရီးတော်၏ ထိုပုံစံကို မြင်လိုက်ရလျှင်အဲလက်၏ စိတ်ခံစားချက်တို့သည် ထိန်းသိမ်းလို့ မနိုင်လောက်အောင်ပင် အကြီးအကျယ်ဒေါသထွက်ကာ ပေါက်ကွဲထွက်လာလေသည်။

အဲလက်သည် အရှိန်အဟုန် ခပ်ပြင်းပြင်းဖြင့် ဦးရီးတော်၏ နံဘေးဆီသို့ ပျံသန်းလာလေသည်။

ဒီလိုမျိုး အဖြစ်အပျက်ကို ဖြစ်လာစေရန်  ကြိုတင် ကြံစည်ထားသော အမတ်ချုပ်ကြီးသည် အသင့်စောင့်ဆိုင်းနေသော လေးသည်တော်တို့အား အမိန့်ပေးလိုက်‌ေလသည်။

"ပစ်မှတ် ရွေ့လျားလာပြီ။
ပစ် ၊ပစ်
မရပ်မနားပစ်"

အဲလက်ကို လုပ်ကြံရန် အကွက်ချ စ‌ီစဉ်ထားသည်ကို ရိပ်မိသွားသော ဦးရီးတော်လီယိုက အလန့်တကြားပင် သူ့ဆီသို့ ပျံသန်းလာသော အဲလက်ကို သတိပေးလိုက်လေသည်။

"အဲလက်
ဒီကို မလာနဲ့။
အန္တရာယ်ရှိတယ်။ဒီကို မလာနဲ့။
လေးသည်တော် ရှိတယ်"

အဲလက်က ဘာကိုမှလည်း မကြား၊
ဘာကိုမှလည်း မမြင်နိုင်အောင်ပင်
ဒေါသပုန်ထပြီး ပေါက်ကွဲနေလေပြီမို့
ဦးရီးတော်လီယိုရှိရာဆီသို့ သာ အတင်း ပျံသန်းလာလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Место, где живут истории. Откройте их для себя