part (07)

1.6K 67 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၇)
ဘုရင်မင်းကြီး၏ အထိန်းတော်ကြီးက ဘုရင်မင်းကြီး၏ နန်းဆောင်အတွင်းသို့ ဝင်လာလေသည်။
နတ်နန်းထိမ်း ခေါင်းဆောင်နှင့် အတူတကွ တစားပွဲတည်း ထိုင်နေသော မင်းကြီး၏ အနားသို့ကပ်ကာ
ဘေးလူတွေ မကြားရအောင် တိုးတိုးလေး ပြောလိုက်လေသည်။

"မင်းကြီး ဦးရီးတော်လီယို အရှင့်နန်းဆောင်ရှေ့မှာ အစာရေစာ အငတ်ခံပြီး မလှုပ်မယှက် ဒူးထောက် ဆန္ဒပြနေပါတယ်"

မင်းကြီး က ရုတ်ချည်းဆိုသလို ဒေါသ ထွက်သွားပြီး အသက်ကို ပြင်းပြင်းလေး ရှူကာ သူ့စိတ်ကို သူပြန်ထိန်းနေလေသည်။

"နေပေ့စေ ပစ်ထားလိုက် အထိန်းတော်ကြီး(မင်းကြီး၏ အထိန်းတော်ဖြစ်ပါသည် ဦးရီးတော်လီယို၏ အထိန်းတော်ကြီးမဟုတ်ပါ) ၊ဒါမှ သူလည်း မှတ်သွားမှာ.........."

နတ်နန်းထိန်း ခေါင်းဆောင်က မင်းကြီးကိုသာ စူးစိုက်ပြီး ကြည့်နေလေသည်။
ပြီးတော့မှ

"ဘာ အဖျက်တွေများ ဝင်နေလို့လဲ မင်းကြီးခင်ဗျာ"

နတ်နန်းထိန်းခေါင်းဆောင်သည် မည်းနက်သော မျက်ဆံများ နှင့် မျက်ဝန်း၏ ဘေး မျက်ခွံတွေကိုလည်း မည်းနက်နေအောင် အမြဲခြယ်သ ထားတတ်လေသည်။အဖြူရောင် ဝတ်ရုံကိုသာ အမျိုးမျိုး ဝတ်ဆင်တတ်သည်။
သူ၏ လက်သည်းတို့မှာလည်း ရှည်လျားကာ အနီရဲရဲ အရောင်ကို အမြဲခြယ်သ ထားတတ်သည်။နှုတ်ခမ်းတွေကလည်း ထိုနည်းတူစွာ
ထူးထူးခြားခြား သူ၏ဆံထိုးထိပ်၌ ပုလဲနက် ရတနာကို အမြဲတပ်ဆင်ထားလေ့ရှိသည်ပင်။

"ဘယ်သူရှိရမလဲ
ဦးရီးတော်လေ ။
ကိုယ်‌ေတာ့်ကို လွန်ဆန်ဝံ့တာ ဆိုလို့ သူပဲ ရှိတာလေ"

ဟု မင်းကြီးက ညည်းညည်း ညူညူလေး ရေရွတ်နေလေသည်။

"မင်းကြီး
အာဏာကို ဖီဆန်ဖို့ ကြိုးစားနေတဲ့ သူကို လွယ်လွယ်နဲ့ ခွင့်မလွှတ်ပါနဲ့။
အဲ့ဒီ ဦးရီးတော်ဟာ မင်းကြီးကို သိပ်ပြီး ခြေရာတိုင်းချင်နေတယ် မဟုတ်လား?
မင်းကြီးရဲ့ အပျိုတော်ကိုတောင် အိပ်ရာထဲ ဆွဲသွင်းရဲတာပဲ"

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now