part( 03)

2.6K 119 1
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း
အပိုင်း(၃)
"တနေ့မှာပေါ့ကွယ် ဦးရီးတော် ဖြစ်လာမယ့် မင်းသားနဲ့ အခုလက်ရှိဘုရင်ဖြစ်လာမယ့် တူတော်မောင် မင်းသားတို့က နန်းတော်ထဲက အစွန်အဖျား အဆောင်တခုမှာ ကစားနေကြတာပေါ့။
ဖြစ်ချင်တော့
အဲ့ဒီအချိန်မှာပဲ လူတစုဟာ လက်ပြန်ကြိုးတုတ်ထားတဲ့ သူတချို့ကို မျက်နှာမှာ အဝတ်တွေစွပ်ပြီး ဆွဲခေါ်လာတာကို မြင်လိုက်ရတော့ သူတို့နှစ်ယောက်လည်း တိတ်တိတ်လေး ချောင်းကြည့်နေကြတာပေါ့။
သူတို့ ချောင်းကြည့်နေတုန်းမှာပဲ အဲ့ဒီအဝတ်အုပ်ထားတဲ့ သူတွေက မျက်စိရှေ့တင်ပဲ အသတ်ခံလိုက်ရတယ်။"

အထိန်းတော်ကြီးက စကားပြောနေရာကနေ ခဏလောက် နားကာ အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်း ၊ရှူထုတ် လုပ်နေလေသည်။

မိန်းမလှလေး ဘီဘီက အထိန်းတော်ကြီးဆက်‌ေပြာမည့် စကား‌ေတွကို စိတ်ဝင်တစား စောင့်စားနေလေသည်။

ဧည့်ခန်းဆောင်၏ မီးရောင်လေးက မှိန်ဖျော့နေလေသည်။ဝန်းကျင်တခုလုံးကလည်း တိတ်ဆိတ်ကာ ငြိမ်သက်နေလေသည်။

အိပ်ခန်းဆောင်ထဲက ဦးရီးတော်လီယိုကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေလိမ့်မည် ထင်သည်။

"သူတို့က အပြစ်သားတွေကို လူသတ်ကုန်းမှာ သုတ်သင်တာ မဟုတ်ဘူးလား။ဘာဖြစ်လို့ နန်းတော်ထဲမှာ လူသတ်ရတာလဲ?"

မိန်းမလှလေး ဘီဘီက သူသိချင်နေသည့် လစ်ဟာနေသည့် အချက်ကို မအောင့်အည်း နိုင်တော့ဘဲ ထုတ်မေးတော့သည်။

ဘီဘီ့မေးခွန်းကြောင့် အထိန်းတော်ကြီး မျက်နှာက ဝမ်းနာ်းစိတ်မကောင်းသည့် ပုံစံပေါက်သွားလေသည်။

"အဲ့ဒီနေ့က သူတို့ သုတ်သင်လိုက်တဲ့ သူတွေက စုစုပေါင်း(၉)ယောက်တောင်ပဲ ၊ပြီးတော့ သုတ်သင်ခံလိုက်ရတဲ့ သူတွေဟာ အပြစ်သားတွေ မဟုတ်ဘူး။လုပ်ကြံခံလိုက်ရတဲ့ မင်းသားတွေပဲ"

"ဟင်"
ဘီဘီက အံ့ဩသွားလေသည်။

"ဪ သိပြီ သိပြီ အထိန်းတော်ကြီး အရင်မင်းကြီးက သူ့သားတော်ကို အိမ်ရှေ့စံ ခန့်အပ်ချင်တာနဲ့ သူ့ညီတော် မင်းသားတွေကို လုပ်ကြံလိုက်တာပေါ့လေ။
ဒီလိုဆိုရင် ဦးရီးတော်ကရော ဘာလို့ မပါသွားတာလဲ"

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now