part (22)

981 43 0
                                    

အချစ်သို့ မျက်နှာမူ၍ (သို့မဟုတ်)
နှလုံးသား သို့ သိမ်းပိုက်တော်မူခန်း
အပိုင်း(၂၂)
ခဏကြာတော့ ဦးရီးတော်လီယို တယောက် နတ်နန်းထဲက ပြန်ထွက်လာလေသည်။သူ့လက်ထဲ၌လည်း ဘာမှ ပါမလာချေ။

"နတ်နန်းထဲမှာ မရှိဘူးလားဟင်"?

"ဟုတ်တယ် အဲလက်။
အကိုတော် တို့ ငယ်တုန်းကတော့
ဒီနတ်နန်းထဲမှာ ပုံတူဆွဲတဲ့ ပစ္စည်းတွေ ရှိခဲ့ဖူးတယ်။
အခုတော့ မတွေ့တော့ဘူး"

"ရပါတယ် အခုမဆွဲဖြစ်လည်း ကိစ္စ မရှိပါဘူး။နောက်မှ ဆွဲပေးလည်း ရတယ်"

ခနိုးခနဲ့ ပြောတာလည်း မဟုတ်ဘဲနှင့် အဲလက်၏ မျက်နှာလေးက ပကတိ ကြည်ကြည်လင်လင်လေး ပြောနေတာ ဖြစ်သည်။

"ဒီနေ့တော့ ဒီလောက်နဲ့ ပဲ နန်းဆောင်ကို ပြန်ကြစို့ ကွယ်။ခဏနေရင် နတ်နန်းခေါင်းဆောင်တို့ ပြန်လာကြလိမ့်မယ်"

"ကျတော် နန်းထိန်းခေါင်းဆောင်ကို ဂါဝရ ပြုချင်သေးတယ်လေ"

အဲလက်၏ ဒီစကားကိုတော့  ဦးရီးတော်
လီယိုက လက် မခံချင်ပေ။

အဲလက် နတ်နန်းထဲ၌ ချုပ်နှောင်ခံရစဉ်က အဲလက်ကို ကူညီပေးခဲ့ဖူးတာကိုတော့ ကျေးဇူးတင်ပေမယ့်
အဲလက်က သူ ဘီဘီ့ဆီ သွားနေတုန်းမှာ ဘာကြောင့်များ နန်းထိန်းခေါင်းဆောင်‌၏ နောက်သို့ လိုက်သွားရသလဲ လို့ တွေးတွေးပြီး မချင့်မရဲ ဖြစ်ရသည်။

စိတ်တိုရအောင်ကလည်း သူ့ဘက်က စ ပြီး ဘီဘီ့ဆီ ထွက်သွားခဲ့တာ ဖြစ်နေသည်။ဘယ်လိုပဲ မဖောက်ပြားဘဲ ကူညီခဲ့သည်ဟု ဆိုစေဦးတော့
ခပ်မြန်မြန်လေး ပြန်လာခဲ့သင့်တာ မဟုတ်လား?

ဒါကလည်း ဘီဘီ့ကို တခါတည်း လက်ထပ်ပေးခဲ့လို့သာ ကြာသွားရတာ ဖြစ်သည်။

ဘာပဲ ဖြစ်ဖြစ် အဲလက်ကို နန်းထိန်းခေါင်းဆောင်နှင့် မတွေ့စေချင်တာတော့ အမှန်ပင်။

"နောက်နေ့မှ ဂါဝရ ပစ္စည်း တွေ ဘာတွေ ဝယ်ပြီး လာကန်တော့ရအောင်လေ နော် အဲလက်၊အခုတော့ နန်းဆောင်ကို ပြန်ကြရအောင်နော်"

"ဒီလိုဆိုလည်း ပြီးရော
လာ ပြန်ကြမယ်"

ရေတံခွန် အနီးက လေ အနည်းငယ်ပြင်းတာကြောင့် ဖရိုဖရဲဖြစ်နေသော အဲလက်၏ ဆံပင်စ လေးတွေကို ဦးရီးတော်လီယိုက အသာအယာ သပ်ပေးလိုက်လေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now