part (28)

961 38 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော့မူခန်း(BL)
အပိုင်း(၂၈)
လီဘုရင်မင်းမြတ်၏ နန်းဆောင်တွင်း၌ ဖြစ်သည်။လီဘုရင်မင်းမြတ်သည် ညီလာခံမှ ပြန်လာပြီဖြစ်၍ ညီလာခံ၌ ဝတ်ဆင်ခဲ့သော နဂါးဝတ်ရုံကို သာမန်ရိုးရိုး ဝတ်စုံနှင့် လဲလှယ် ဝတ်ဆင်နေလေသည်။

အမတ်ချုပ်ကြီးသည် ဘုရင်မင်းမြတ်၏ နန်းဆောင်ရှေ့သို့ ရောက်ရှိနေလေသည်။
"အရှင်မင်းကြီး ကျတော်မျိုးကို တေ‌ွ့ခွင့်ပြုပါ အရှင်"

"အမတ်ချုပ်ကြီးလား ဝင်လာခဲ့"

အမတ်ချုပ်ကြီးက နန်းဆောင်တွင်းသို့ ဝင်လာပြီး မင်းကြီး၏ အနီး၌ ခစားနေလေသည်။

"ဘာအရေး ကိစ္စတွေများ ရှိလို့ အဆောတလျင် ရောက်လာရတာလဲ အမတ်ချုပ်ကြီး"

"တကယ့်ကို အရေးကြှီးတဲ့ ကိစ္စ ကြီး တခု မနေ့ညက ဖြစ်ပေါ်ခဲ့ပါတယ် အရှင်"

မင်းကြီးက အမတ်ချုပ်ကြီး၏ မလှမ်းမကမ်း၌ ထိုင်လိုက်လေသည်။

"ကဲ ပြောပါဦး မင်းကိစ္စကို"

"မနေ့ညက မင်းကြီးရဲ့ ဦးရီးတော်ဟာ လူတစု နှင့် တောထဲမှာ တိတ်တဆိတ် တွေ့ဆုံခဲ့ပါတယ် အရှင်"

မင်းကြီး၏ မျက်နှာ၌ တွေးတွေးဆဆ အသွင် သဏ္ဍာန် ပေါ်လာလေသည်။

"ဘယ်က လူစုလဲ?"

"လက်ဝဲ အမတ်တို့ လူစုပါ အရှင်။
သူတို့ရဲ့ အင်အား ကိုလည်း အရှင်မင်းကြီး သိပါတယ်။သူတို့မှာ လျို့ဝှက် တပ်တော် ရှိတယ်လို့တောင် ကောလဟာလ တွေက ဆိုကြတယ်"

လီမင်းကြီး ၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကို မထိန်းနိုင်အောင်ပေါ်လာလေတော့သည်။

"သူတို့နဲ့ ဦးရီးတော်ဟာ ဘာကိစ္စကြောင့် တွေ့ဆုံကြတာတဲ့လဲ?"

"အရှင့်ကို ပုန်ကန်ကြပြီး ဦးရီးတော်ကို အရိုက်အရာ ပေးကြဖို့ ဖြစ်ပါလိမ့်မယ် အရှင်မင်းကြီး"

လီ ဘုရင်မင်းမြတ်၏ မျက်နှာ၌ ဝမ်းနည်း စိတ်မကောင်းဟန် တို့သည် အထင်းသား ပေါ်လာလေတော့သည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now