part (15)

1.1K 45 0
                                    

အပိုင်း(၁၅)
ဦးရီးတော်၏ နန်းဆောင်နံရံမှာ တွယ်ကပ်ပြီး အောက်သို့ တွဲရရွဲကျကာ ပေါက်ရောက်နေသော လမ်းလျှောက်ပင် က သစ်ရွက်ဖောင်းဖောင်းလေးတွေကို
အဲလက်က တယုတယ ကိုင်ကြည့်နေမိလေသည်။

ညတုန်းက ဦးရီးတော်လီယိုသည် အဲလက်၏ အိပ်ရာထက်၌ အဲလက်နှင့် အတူတူ အိပ်ပျော်သွားခဲ့သည်။

တအိပ်ရာထဲ၌ အတူတူ ရှိနေကြပေမယ့် အဲလက်၏ မျက်တောင်ရှည်ရှည်လေးတွေဝန်းရံထား‌ေသာ မျက်လုံးရွဲများ၊
နှာတံစင်းစင်းလေးနှင့် နှုတ်ခမ်းဖူးဖူးလေးကိုရော ၊ယုတ်စွ အဆုံး အဲလက်၏ ရင်ဘတ်ကလေးတွေ၊ပေါင်တံလှလှလေးက အစ ဘာဆိုဘာကိုမှ မရိုးမသား ထိတွေ့မသွားခဲ့ချေ။

လက်မထပ်ရသေးလို့ ပဲ တန်ဖိုးထားပြီး မတို့၊မထိတာလား?
ဒါမှမဟုတ်
အဲလက်က ဦးရီးတော်၏ မျက်လုံးထဲ၌ လုံးဝကို ဆွဲဆောင်မှု မရှိတာလား?
မထူးခြားသူ တယောက်ပဲလား?
သိချင်လှသည်။

ဒီနေ့မနက်စောစော အဲလက် အိပ်ရာကနေ နိုးလာတော့ ဦးရီးတော်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။
ဦးရီးတော်လီယို၏ မျက်နှာချောချော ကို အတန်ကြာငေးမောနေခဲ့ပြီးမှ

ခပ်ညင်ညင်သာသာလေး အိပ်ရာထဲမှ ထကာ အပြင်သို့ ထွက်လာခဲ့ခြင်းဖြစ်လေသည်။

အခုလည်း အဲလက်က ရေချိုးပြီး အဝတ်အစားတွေပင်လဲလှယ်ဝတ်ဆင်ထားပြီးပြီ ဦးရီးတော်လီယိုက နိုးထ မလာသေးချေ။

ဒီရက်တွေ အတွင်းမှာ ကြယ်နတ်‌သားလေး အဲလက်တယောက် ဦးရီးတော်၏ အသွင်အပြင်ကို ငေးကြည့်လိုက်၊လှုပ်ရှားမှုတွေကို လိုက်ကြည့်လိုက်နှင့် မိမိမှာ ကြယ်နတ်သား ဖြစ်ခဲ့ဖူးသည်ဆိုတာကိုပင် မေ့ကာ ဦးရီးတော်လီယိုကိုသာ အစွဲကြီး စွဲနေမိခဲ့သည်။

ဦးရီးတော်လီယိုကတော့ အဲလက်အပေါ် မှာကောင်းပေးတယ်၊ဂရုစိုက်တယ်ဆိုပေမယ့် ပုံမှန်ပါပဲ။

ဪ တခုကိုတော့ မေ့ထားလို့ မရဘူးလေ အဲလက် မင်း ယဇ်ပူဇော်ပသ ခံရမယ့် အရေးတုန်းကတော့ ဦးရီးတော်လီယိုကပဲ အစာအငတ်ခံပြီး နေကုန်နေခမ်းသည်အထိ ဒူးထောက်ပြီး ဆန္ဒပြပေးခဲ့တာ ။အားပြတ်ပြီး မူးမေ့လဲကျကာ အသက်အန္တရာယ် ရှိတဲ့ အထိ ဖြစ်ခဲ့ဖူးသေးတာပဲ။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now