part (16)

1K 51 1
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၁၆)
ဦးရီးတော် ဆောင်ကြာမြိုင်ကို လိုက်သွားတဲ့အခါ တယောက်တည်း ကျန်နေရစ်ခဲ့သော အဲလက်က သူ့ကိုယ်သူ တောင်တောင်အီအီ အတွေးများနေမှာကို စိုးရိမ်ပြီး ဦးရီးတော်၏ နန်းဆောင်ကို သန့်ရှင်းရေး လုပ်သည်။

အဲလက်က သူ့ရဲ့ နတ်သားအစွမ်းတွေကို ထုတ်သုံးပြီး ခဏလေးနဲ့ သန့်ရှင်းရေး လုပ်လိုက်လို့ ရပေမယ့် ပျင်းစရာကောင်းတာကြောင့် ရိုးရိုးလူသားတယောက် လုပ်သည့် အတိုင်းသာ လုပ်ဖြစ်လေသည်။

နန်းဆောင်တခုလုံးလည်း သန့်ရှင်းရေးလုပ်ပြီးသွားပြီ။မိုးလည်း အနည်းငယ် မှောင်စပြုလာပြီ ဖြစ်တာကြောင့် နန်းတွင်း စားဖိုဆောင်ကလည်း ညစာ လာပို့ ပေးသွားပြီ။ဦးရီးတော် လီယို မှာခဲ့သည့် အတိုင်း ညစာကို မပျက်မကွက် စားလိုက်သည်။

ညစာစားပြီးတာတောင် ဦးရီးတော် လီယိုက ပြန်မလာသေးချေ။အဲလက်တယောက် စိတ်ပူစ ပြုလာချေပြီ။
သို့ပေမယ့် ဦးရီးတော် လီယိုက မှာထားသည် မဟုတ်လား?

အိပ်ရေးလည်း မပျက်အောင်' အိပ်ပျော်အောင် အိပ်ရမည်လို့လေ' လို့ တွေးကာ အဲလက်မှာ အိပ်ရာထက်၌ လူးလူးလွန့်လွန့်နှင့် တော်တော်နှင့် အိပ်မပျော်သည့် ကြားက အိပ်ပျော်အောင် ကြိုးစားကာ အိပ်နေရရှာလေသည်။

ကြိုးစားပြီး အိပ်ပျော်အောင်နေနေပေမယ့် အဲလက်မှာ ဘယ်လိုမှကို အိပ်မပျော်ချေ။

ညသန်းခေါင် အချိန်၌ အဲလက် အိပ်ရာထက်ကနေ ထပြီး ထိုင်လိုက်မိသည်။

"ဘာများဖြစ်နေလို့ အခုထိ ပြန်မလာသေးတာလဲ ဦးရီးတော်ရယ်။
အန္တရာယ် တခုခုများ ဖြစ်နေလို့လား?
စိတ်ပူလိုက်တာ။
အိပ်လို့လည်း မရဘူး"

လို့ သူ တယောက်တည်း ညည်းညည်း ညူညူ လေး ရေရွတ်နေလေသည်။

ဒီလိုနှင့်ပဲ
အဲလက်တယောက်သည် အိပ်ရာထက်မှ ထကာ နန်းဆောင်၏ရှေ့ ပန်းခြံလေးထဲ၌ တောင်လျှောက်၊မြောက်လျှောက်နှင့် တယောက်တည်းလေး လမ်းလျှောက်ကာ ဦးရီးတော်လီယို ပြန်အလာကို မျှော်လင့်စောင့်စားနေလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now