part (09)

1.4K 63 2
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၉)
နတ်နန်းအချုပ်ဆောင်ထဲမှာ ရှိနေတဲ့ ကာလ တလျှောက်လုံး အဲလက်ဟာ သူ့ရဲ့ တန်ခိုးစွမ်းအားတွေကို နေ့စဉ်၊‌ေန့တိုင်းလိုလိုပင် အမျိုးမျိုးစမ်းသပ်ခဲ့ပေမယ့် တခုမှ မအောင်မြင်ခဲ့ပါဘူး။

ဒါနဲ့ပဲ အဲလက်ဟာ သူ့ကိုယ်သူ အလင်းရောင်တွေ ထုတ်လွှင့် နိုင်တာက လွဲလို့ ဘာတခုမှ မစွမ်းနိုင်တော့ဘူး လို့ အထင်ရောက်ကာ ယဇ်ပူဇော်မယ့် နေ့ရက်ကိုသာ စောင့်ဆိုင်းနေမိတော့သည်။

အပြင်၌ ဦးရီးတော် လီယို တယောက် အခုချိန်ထိ အစားမစားဘဲ နေ့စဉ်ရက်ဆက် ဒူးထောက်တောင်းဆိုပေးနေတာကိုလည်း မသိဘဲနဲ့ပေါ့။

တချိန်တည်းမှာပင် ဦးရီးတော်လီယို တယောက်  ကျန်းကျန်းမာမာ ရှိနေတာကိုလည်း ဝမ်းသာပေမယ့် သူ့အတွက် ဘာမှ မကူညီဘူးလို့လည်း ထင်နေမိတာကြောင့် စိတ်မကောင်းဖြစ်ပြီး ‌စိတ်လည်း တိုနေမိလေသည်။
သို့ပေမယ့် သူနှင့် ဦးရီးတော်လီယိုဟာ ဘာဆို ဘာမှ မပတ်သက်တာကြောင့် မကူညီလို့လည်း စိတ်တိုခွင့် မရှိဘူးလို့လည်း သူ့စိတ်ကို သူ ပြန်ပြီး ဆုံးမနေရပါသည်။

ဒီလိုနဲ့
ယဇ်ပူဇော်မှု အခမ်းအနား ပြုလုပ်မည့် နေ့ရက်ကို ရောက်လာပါတော့သည်။

လက်‌ေထာက်နတ်နန်းစောင့် အကို ခမျာလည်း အဲလက်ကို အစားအသောက်တွေ နေ့စဉ် ခိုးဝှက် ကျွေးနေတာက လွဲလို့ ယဇ်ပူဇော်မှုကို ဟန့်တား ကူညီနိုင်မှု မပြုနိုင်လို့ စိတ်မကောင်း ဖြစ်ရကြောင်းကို အဲလက်ဆီမှာ ငိုကြွေးကာ တောင်းပန်နေလေသည်။

ဒီလိုနဲ့ပဲ လူ့ပြည်ကို ခုန်ဆင်းလာပြီးတဲ့နောက် အဲလက်တယောက် ယဇ်ပူဇော် ခံရတော့မည်လား ?မသိနိုင်သော အခြေအနေသို့ ရောက်နေလေသည်။
.....................
နေပူလာတာထက် ဦးရီးတော်၏ ရင်ထဲက အပူတွေက ပိုပိုပြီး ပူသည်။တူတော်မောင် မင်းကြီးက စိတ်ပြောင်းမှ ပြောင်းပါ့မလား?
လို့ စတင်ပူပန်မိလာသည်။

မင်းကြီး၏ နန်းဆောင်ရှေ့မှာ ဒူးထောက်နေတာမို့ နတ်နန်းထိန်း ခေါင်းဆောင်တယောက် မင်းကြီးထံသို့ နေ့စဉ် ဝင်ထွက်နေတာကို မြင်တွေ့နေရလေသည်။
ရင်ထဲမှာ တစက်ကလေးမှ ကြည့်မရသလို စိတ်ထဲ ရှိသည့် အတိုင်း ထလုပ်လိုက်ရင်ဖြင့် တူတော်မောင်မင်းကြီး စိတ်မပြောင်း လာမှာကိုလည်း စိုးရိမ်ရသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now