part (10)

1.5K 62 2
                                    

အဲလက်တယောက် ဦးရီးတော် လီယို ရှိရာ ဆေးခန်းဆောင် ထဲသို့ ဝင်ရောက်လာပြီ ဆိုတာနှင့် ဦးရီးတော် လီယို၏ အနီးက လူတချို့က ရှောင်ဖယ်ပေးကြလေသည်။

နေလောင်ဒဏ်ကြောင့် ထင်သည် ဦးရီးတော် လီယို၏ ဖြူဖွေးသန့်ပြန့်သော အသားအရေတို့သည် ညိုနေလေပြီ။
အစာရေစာ ပြတ်လပ် ခံပြီးနေခဲ့ရတာကြောင့် မျက်နှာလေးမှာ ချောင်ကျနေလေသည်။

အဲလက်က ဦးရီးတော်၏ နှာခေါင်းဝကို လက်ကလေးနှင့် အသားစမ်းကြည့်လိုက်လေသည်။အသက်ရှူနေသေးသည်။
ပိုပြီး စိတ်လျရအောင် လက်ကောက်ဝတ်က သွေးခုန်နှုန်းကိုပါ စမ်းကြည့်လိုက်‌ေလသည်။

ဦးရီးတော် အသက်ရှိနေသေးသည်။
တော်ပါသေးရဲ့ ဦးရီးတော် တယောက် အသက်ရှိနေပေသေးလို့ လို့ တွေးလိုက်မိသည်။

ဒါဖြင့် ဘာကြောင့် များ မနိုးထလာသေးတာပါလိမ့်လို့ တွေးကာ ဦးရီးတော် ၏နဖူးပြင်လေးကို စမ်းကာ အနွေးဓာတ်ပေးလိုက်လေသည်။

ဦးရီးတော် ၏မျက်လုံးလေး တစ်စုံက ဖျတ်ကနဲ ပွင့်လာလေသည်။

"ဟယ် ဦးရီးတော် သတိရလာပြီ
ဦးရီးတော် သတိရလာပြီ။"

ဆေးခန်းဆောင်အတွင်းက သမားတော်များ ၊ဆေးခန်းဌာန အကူအပျိုတော်များ
အားလုံး ယောက်ယက်ခတ်ကုန်ကြလေသည်။

မင်းကြီးထံသို့ ဦးရီးတော် သတိရလာကြောင်းကို သတင်းပို့သည့် လူတွေက ပို့လို့ လုပ်နေကြလေသည်။

"ဦးရီးတော်အတွက် ဘဲသားဆန်ပြုတ်
ပြုတ် ချေဟေ့ ၊ဟိုဘက် ကအဖွဲ့က ဆေးကြိုကြ။"

"ဟိုလေ သမားတော်ကြီး"

"ဪ ဟုတ်ကဲ့ ကြယ်နတ်သား လေး ပြောပါခင်ဗျ"

"ကျတော့်နာမည် အဲလက်ပါ အဲလက်လို့ပဲ ခေါ်ပါခင်ဗျ"

"ဟုတ်ပါပြီ အကိုလေး အဲလက်ခင်ဗျာ။
ဘာများ ညွှန်ကြားချင်တာ ရှိပါသလဲ
ပြောပါခင်ဗျ"

"ဦးရီးတော်ကို တိုက်ရမယ့် ဆေးတွေကို ကျတော်ပဲ ယူသွားလိုက်ပါမယ်။
ဦးရီးတော်ကို သူ့နန်းဆောင်ဆီ ခေါ်သွားချင်ပါတယ်"

"ရပါတယ် အကိုလေးအဲလက်။
အခုလောလောဆယ်တော့ အာဟာရ ရှိတဲ့ အစားအစာတွေကျွေးပြီး ဆေးမှန်မှန်တိုက်ပေးပါ။ကောင်းကောင်းအနားယူပါစေ။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now