part (18)

1.1K 51 3
                                    

အချစ်သို့ မျက်နှာမူ၍(သို့)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း
အပိုင်း(၁၈)
ဦးရီးတော် လီယို တယောက် မြင်းစီးလာရင်းကနေ အဲလက်ကို ‌သတိရနေမိသည်။သူပြန်လာတာကို မြင်လျှင် အဲလက်တယောက် ဘယ်လောက်များ ပျော်နေမလဲ? လို့ တွေးကာ ပြုံးစေ့စေ့ပင် ဖြစ်ရသည်။

လမ်းတလျှောက် ဖြတ်သွား၊ဖြတ်လာ လူတချို့ ကိုပင် ပြုံးပြကာ နှုတ်ဆက်ဖြစ်သေးသည်။

အခုဆိုရင် ဘီဘီတယောက် လည်း ဓားဒဏ်ရာကနေ သက်သာလာပြီး ဆောင်ကြာမြိုင်ကနေ လွတ်မြောက်ခွင့်လည်း ရလာခဲ့ပြီ။သူမ အပေါ် ချစ်ခင်မြတ်နိုးပြီး ဘဝတလျှောက်လုံး လိုက်လံစောင့်ရှောက်ပေးခဲ့သည့် နောက်လိုက်ကြီး နှင့်လည်း လက်ထပ်ထိမ်းမြား ပေးခဲ့ပြီးပြီ။

"ဘီဘီရေ ကျွန်ုပ်ကို မင်းရဲ့ အကိုကြီးလို သဘောထားနော် ၊အကူအညီ လိုအပ်တဲ့ အချိန်တိုင်း လာသာလာခဲ့ပါ ဒီအကိုကြီးက တတ်နိုင်တာ မှန်သမျှ အကုန် ကူညီမယ် "

လို့  ပြောကာ အားပေးခဲ့ရသေးသည်။

"အကိုကြီးတဲ့ လား ဦးရီးတော်ရယ်။
ဒီလိုဆိုလည်း အကိုကြီး လို့ ပဲ ခေါ်တော့မယ် ။
အကိုကြီး အိပ်မပျော်ရင်
ပုံပြင်ဖတ်ပြပေးမယ့် သူ မရှိမှာကိုပဲ
ဘီဘီက စိတ်ပူတာပါ"

တကယ်လည်း ဘီဘီက စိတ်ပူနေပုံ ရပါသည်။ကာလရှည်ကြာ ခင်မင်ရင်းနှီးခဲ့သည့် သံယောဇဉ်တွေက နည်းမှ မနည်းပဲလေ။

"အကိုကြီး အိပ်မပျော်နိုင်ရင်
ပုံပြင်ဖတ်ပြပေးမယ့် သူ
ရှိနေပါပြီ ညီမလေးရဲ့
စိတ်မပူပါနဲ့‌ေတာ့နော်။
လင်ယောက်ျားအပေါ်လည်း ချစ်ခင်ပြီး
ပျော်ပျော်ကြီး သာနေသွားပါတော့ကွယ်"

"ပုံပြင်ဖတ်ပြပေးမယ့် သူက
ဘယ်သူလဲဟင် အကိုကြီး"

"အဲလက်လေ"

"ဪ အဲလက်လား?
ဒါနဲ့ အခု အရမ်းပျော်နေသလိုပဲနော် အကိုကြီး အဲလက်အပေါ်မှာ ရိုးရော ရိုးသားသေးရဲ့လား?"

ဘီဘီ့ရဲ့ မျက်လုံးအကြည့်တွေအောက်မှာ ရှက်ကိုးရှက်ကန်းဖြစ်မိပေမယ့်
ဖြေချင်ပါသည်။
ဖြစ်နိုင်ရင် အဲလက်ကို ချစ်ခင်မြတ်နိုးရမှန်း သိလာချိန်မှ စ ပြီး အားလုံးဆီမှာ အချစ်ကို ကြော်ငြာပြီး ဝန်ခံချင်မိပါသည် လို့ ဦးရီးတော်လီယို တယောက် တွေးတောနေမိလေသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now