part (12)

1.4K 54 2
                                    

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(သို့)
အချစ်သို့ မျက်နှာမူ၍
အပိုင်း(၁၂)
ဒီနေ့သည် လက်ထောက်နတ်နန်းထိန်း တွန် ၏ ခေါင်းဆောင်နန်းထိန်း အဖြစ်သို့ အဆင့်တိုး ခံယူမည်ဖြစ်သည်။

နန်းတွင်းနတ်နန်းရဲ့ပွဲဖြစ်တာကြောင့် မင်းကြီး ကိုယ်တိုင်လည်း တက်ရောက်ချီးမြှင့် မည် ဖြစ်သည်။

"ခေါင်းဆောင် ပြင်ဆင်ပြီးပြီလား ခင်ဗျာ
။မင်းကြီး ကြွလာတော့မှာမို့ အသင့်နေရာယူထားပါ"

နန်းထိန်း တွန် တယောက် လူအုပ်ကြီး ကြားထဲ၌ အဲလက်ကို ရှာနေမိသေးသည်။မနေ့က သေသေချာချာပင် လာခဲ့မယ်ဟု ပြောထားခဲ့သည် မဟုတ်ပါလား?။

နေရာ၌ ထိုင်နေရင်းကပင် မျက်လုံးတွေက အဲလက်ကို သာ ရှာနေမိသည်။

"တွန် ခေါင်းဆောင်နန်းထိန်း ဖြစ်တာကို ဂုဏ်ယူပါတယ်နော်"

မြို့နယ်၊တိုင်းနယ်တိုင်း၏ နန်းထိန်းများကလည်း လာရောက် ချီးမြှင့်‌ေပးကြသည်။
"ဟုတ်ကဲ့ ကြွရောက် ချီးမြှင့် ပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ"

ထိုအချိန်၌ပင်

"မင်းကြီး ကြွချီလာပါပြီ"

တွန် တယောက် ထိုင်ရာမှ ထကာ အများနည်းတူ မင်းကြီးကို အရိုအသေပြုလိုက်သည်။

မင်းကြီးက သူ့အတွက်ထားသည့်
အထွဋ် အမြတ် နေရာ၌ ထိုင်လိုက်သည်။

ယခင်ခေါင်းဆောင် နန်းထိန်း လုပ်ကြံခံရမှု အတွက်ရော ၊မိစ္ဆာ တကောင်၏ လှည့်ဖျားမှု ၌ ယုံကြည်ခဲ့သည့် အတွက်ရော စိတ်မကောင်း ဖြစ်ရသည့် ဟုပြောသည့်အပြင် ၊
နိုင်ငံ၏ မိုးလေဝသနှင့် ငြိမ်းချမ်းသာယာဝပြောမှု အတွက် နတ်နန်းကို ပိုမိုစောင့်ရှောက်ပေးပါဟု ယနေ့တင်မြှောက်သည့် နတ်နန်းခေါင်းဆောင်တွန် အား မှာကြားသည်။

မင်းကြီး မိန့်ခွန်းပြောပြီးသည့် အခါ အစား၊အသောက်တွေနှင့် ဧည့်ခံကျွေးမွေးသည့် အခန်းကဏ္ဍ သို့ ရောက်လာလေသည်။

နန်းထိန်းခေါင်းဆောင် တွန် တယောက်ကမူ ယခုအချိန်ထိ အဲလက်လာမလားရယ်လို့ မျှော်နေဆဲသာဖြစ်လေသည်။
..
အဲလက်သည် ဆံပင်လေးကို ဖြီးသင်ပြီး အပေါ် ဆံပင်တဝက် ကို ဆံထုံးလေး ထုံးကာ အောက်ကဆံပင်တဝက်ကို ဖားလျားလေး ချထားလိုက်လေသည်။ပန်းရောင်နှင့် အပြာရောင် အရောင်ပြေးကျောက်ခက်ပန်းလေးတွေကိုပါ ပန်လိုက်သေးသည်။
လှနေချင်သည်လေ ။အထူးသဖြင့် ဦးရီးတော် လီယို၏အရှေ့၌ ပို၍၊ပို၍ပင် လှနေချင်သည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now