part (32)

992 38 0
                                    

အချစ်သို့ မျက်နှာမူ၍(သို့မဟုတ်)
နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(BL)
အပိုင်း(၃၂)
ဒီလိုနဲ့ ကျတော်လည်း မြန်မာပြည်ကို ပြန်ရောက်လာခဲ့ပြီဆိုပါတော့ဗျာ။ပြန်ရောက်ကာစ မှာ သူငယ်ချင်းတွေနဲ့ ဟိုဆိုင်သွား၊ဒီဆိုင်သွား စားမယ်၊သောက်မယ် လုပ်ကြတယ်ပေါ့။
ရောက်ပြီး (၃)ရက်လောက်အထိ မင်းသား လီယို နဲ ့ မဆုံရသေးဘူး။

ကြည်ပြာကတော့ သူမင်းသားရဲ့ ရိုက်ကွင်းတိုင်းမှာ လိုက်ပြီး အဝတ်အစား စီစဉ်ပေးရတာ ဆိုတော့ နေ့စဉ်တွေ့နေကြတာပေါ့။

ဒါပေမယ့် ကြည်ပြာက အဲလက်ဖြစ်ခဲ့တာမှ မဟုတ်ပဲ ဒီတော့ သူ ဘာမှ မသိဘူး။အကယ်၍များ ကြည်ပြာ့ကို မင်းသားက မှတ်မိသေးလား အဲလက်လို့ မေးလည်း ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး။

သို့ပေသိ
ကြည်ပြာမကလည်း မိန်းကလေးချောချောလေးပဲ မဟုတ်လား?မင်းသားလို လူတယောက်က ရိုက်ကွင်းမှာ အီစီကလီ လာလုပ်နေတာ ကျေနပ်နေမှာပေါ့လို့ တွေးမိရင် အဲဒီ ဦးရီးတော်လီယို တဖြစ်လဲ မင်းသား လီယိုကို မျက်စောင်းနဲ့ချည်း အခါတသိန်းလောက် ပိတ်ထိုး ပစ်ချင်မိတာရယ်။

ဒီနေ့ကတော့ ကျတော်လည်း မြန်မာပြည်ကို ပြန်ရောက်တာ (၄)ရက်မြောက်နေ့ ဖြစ်နေပြီဆိုတော့ အဲဒီ မင်းသား ဆိုတဲ့ လူကို လူရိပ်၊လူယောင် သွားပြဖို့ အချိန်တန်ပြီလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်သည်။

ဒီနေ့ ရိုက်ကွင်းက ဘယ်မှာ တည်ထားတာလဲ? လို့ ကြည်ပြာမကို လှမ်းမေးလိုက်သည်။ကြည်ပြာမ အတွက် ကြက်ဥလိပ်ရယ်၊ထမင်းနဲ့ ရေညှိပြားလေးတွေကိုသုံးပြီး ကလေးလေးတွေကျောင်းသွားရင် လုပ်ပေးကြသလိုမျိုး ထမင်းဘူး အလှဆင်တာ လေးတွေ လုပ်ပေးလိုက်တယ်။
ပြီးတော့ ငါးအသားလွှာလေးပါ ထည့်ပြီး ဖရဲသီ၊ပန်းသီး၊ငှက်ပျောသီး တွေပါလှီးထည့်ပြီး အသီချိုင့်က တချိုင့်ထည့်၊ဟင်းရည် ချိုင့် က တချိုင့်ထည့်ကာ အဲ့ဒီ ရိုက်ကွင်း တည်နေရာဘက်သို့ ထွက်လာခဲ့သည်။

ဘာမှ မလုပ်ပါဘူး။
ကြည်ပြာမကို ထမင်းချိုင့်လေး ပေးခဲ့ရုံလေးပဲ လုပ်မှာပါလို့ တွေးခဲ့ပေမယ့်
လီယို တယောက် ဘယ်နားမှာများ ရီနေမလဲလို့ အဝင်ကတည်းက တောင်တောင်၊မြောက်မြောက်တွေ ကြည့်နေမိသည်။

နှလုံးသားသို့ သိမ်းပိုက်တော်မူခန်း(Complete)Where stories live. Discover now