ဇာတ်သိမ်းပိုင်း💙

5.9K 203 10
                                    


"သားတို့က ချစ်နေကြတာ..."

"ငါသဘောမတူဘူး...ယန် ,မင်း ငယ်သေးတယ်"

"ပါပါး သဘောမတူလည်း...သားတို့က ဖြစ်ပြီးသွားပြီ...သားသူနဲ့ အိပ်ခဲ့ပြီးပြီ ပါပါး...."

"ဝမ် ရှောင် ယန် ! ! ! "

"ကော"

ဝမ် ရိပေါ် သူ့ရှေ့က ဗိုက်ပူလေးအား ပြေး
မလို့ ရှောင်ကျန့်ကို အရမ်းမအော်ဖို့အတွက် ​တားလိုက်ရပါ၏။တော်ကြာ အော်နေရင်း ကလေးထွက်ကျသွားမှဖြင့်။

"မင်းသားကို မင်းမပြောဘူးလား
ဝမ်ရိပေါ် မင်းသား လုပ်ပုံက ကောင်းလား ! "

"သားကို ယောကျာ်း ကြည့်ထိန်းပါ့မယ်
ကောသာ ဒီမှာထိုင်လိုက် "

မျက်နှာရှေ့ရှိ သားဖြစ်သူအား ခါးထောက်လို့ ရန်တွေ့နေသူကို ဝမ်ရိပေါ် နံဘေးခုံ
တွင် ဝင်ထိုင်းခိုင်းလိုက်ရပါ၏။

ထို့နောက် ဝမ်ရိပေါ်မှာ သူ့ရှေ့က သားဖြစ်သူရဲ့ လက်အားဆွဲလို့ အခန်းပြင်သို့ ခေါ်ထုတ်သွား
ရပါ၏။

"Daddy "

"Daddyကတော့ သားကိုမဆူဘူးမလား "

ရှောင်ယန် ဖခင်ဖြစ်သူရဲ့ လက်အားဆွဲလို့
မျှော်လင့်တကြီးနဲ့ ဆိုလိုက်ပါ၏။ဒီကိစ္စကို သူ့
ပါပါးရော သူ့Daddyပါ ကန့်ကွက်နေမည်ဆိုရင်
သူထိုင်ငိုဖို့ပဲ ရှိပါတော့၏။

ဝမ်ရိပေါ် သားဖြစ်သူရဲ့စကားကြောင့်
သူ့ခေါင်းအားတစ်ချက်ဖွလို့ ဆုတ်တစ်ချက်သတ်
လိုက်ပါ၏။ထို့နောက် သားဖြစ်သူအား သူကြိတ်
မှိတ်လို့ ခေါင်းငြိမ့်ပြကာ သားဖြစ်သူကို အားပေး
တဲ့အနေနဲ့ သူပုခုံးလေးပေါ် လက်တင်လိုက်ပါ၏။

"သားက Daddy သားပဲ Daddyခြေရာနင်းတာ မဆန်းပါဘူး ...ပါပါးကိစ္စ Daddy တာဝန်
သာထား မင်းပါပါးကို Daddy ကြည့်ရှင်းလိုက်မယ်"

"ဒါပေမဲ့ ပါပါးလက်မခံရင်ကော Daddy...
Daddy ကြိုးစားပေးမယ်မလား "

မိမိလက်အား ကိုင်လို့ မျှော်လင့်တကြီးနဲ့ တောင်းဆိုနေသော သားဖြစ်သူကို ဝမ်ရိပေါ် အပြုံး
တစ်ခုနဲ့ဆီးကြိုလို့ ခေါင်းငြိမ့်ပြလိုက်ပါ၏။သားဖြစ်သူ အပေါ် ဖခင်တာဝန်ကျေပွန်ဖို့ဆိိုရင် ဖြစ်
လာမဲ့ အရာရာကို သူခေါင်းခံဖို့အတွက် ဆုံးဖြတ်ထားပါ၏။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now