(Intro💙💛)

6.6K 242 5
                                    


        ဆေးရုံတစ်ရုံရဲ့ မွေးခန်းထဲမှာ အမွှာလေးနှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့်နဲ့မွေးဖွားခဲ့လေသည်။ရှောင်ရှင်းနဲ့ရှောင်ကျန့်ဆိုသည့် အမွှာကလေးလေးနှစ်ယောက်ပဲဖြစ်သည်။

         "ဟင့်...ဟင့် ငါ့သမီးလေး "

        ရှောင်လေးတို့ရဲ့မားဟာ ဆေးရုံပေါ်မှာ သေဆုံးသွားတဲ့ သူ့သမီးလေးကိုပိုက်ပြီးတော့ ငိုကြွေးလို့နေသည်။

          ရှောင်ရှင်းလေးဟာ မွေးရာပါနှလုံးရောဂါသည်လေးမို့ အသက်၈နှစ်မပြည့်ခင်မှာပဲ သေဆုံးသွားခဲ့သည်။

         ရှောင်မားဟာ သူ့သားငယ် ရှောင်ကျန့်လေးကို ဖက်လိုက်သည်။

          "ရှောင်လေးရယ်...သားမမ မရှိတော့ဘူးကွယ်"

         ရှောင်လေးဟာ သူ့ခေါင်းလေးကို ခါရင်း သူ့အမကိုဖက်ကာ ငိုကြွေးလို့နေခဲ့သည်။

            နောက်ဆုံးတော့ ရှောင်လေးဟာ အထီးကျန်စွာနဲ့ရှင်သန်ခဲ့ရသည်။

             သူ့ပါပါးနဲ့မာမားဆုံးသွားခဲ့ပြီ။

        ရှောင်ကျန့်...အုတ်ဂူလေးရှေ့မှာ ရပ်ရင်းငိုကြွေးလို့နေသည်။သူ့ပါးနဲ့မားက သူ့အမဆုံးပြီး တစ်ပတ်လောက်ကြာတော့ Car Addident
ကြောင့် သေဆုံးသွားခဲ့သည်။

           ရှောင်ကျန့်လေးဟာ တစ်ကိုယ်ထဲ အဖော်မဲ့လို့သွားခဲ့ပြီ။

           "မင်းမှာ သားအိမ်ပါလာတယ်"

       အသက်၁၃နှစ်အရွယ် ကောင်လေးရှောင်ကျန့်က ဆရာဝန်ပြောသမျှကို မျက်လုံးအဝိုင်းသားလေးနဲ့နားထောင်လို့နေသည်။

        သူဗိုက်အောင့်လို့သွားပြတော့ ဆရာဝန်က သူ့မှာ သားအိမ်ပါလာသည်တဲ့။

      ရှောင်ကျန့် နားရွက်လေးရဲရင်း ဆရာဝန်ပြောသမျှကို နားထောင်လို့နေသည်။သားအိမ်ပါ လာနိုင်သည့် အကြောင်းအချို့တို့ကို ဆရာဝန်ကရှင်းပြတော့ သူနားလည်လို့သွားခဲ့သည်။သူနဲ့ သူ့အမပိုင်ဟယ်က အမွှာတွေဖြစ်ခဲ့တာမို့ အမွှာမိန်း ကလေးမှာ သားအိမ်မပါခဲ့လာရင် ကျန်တဲ့တခြားတစ်ယောက်မှာ ပါလာနိုင်သည်ဆိုတာကိုပင်။ရှောင်ကျန့် သူ့လက်သီးလေးကိုဆုပ်လိုက်မိ သည်။သူ့အမမှာ သား အိမ်မပါခဲ့တာကြောင့် သူ့မှာပါလာတယ်ဆိုတာ သူနောက်ဆုံးတော့ သဘောပေါက်လို့သွားသည်။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now