အပိုင်း(၁၈)

3.7K 187 12
                                    


            ကုမ္ပဏီတွင် ဝန်ထမ်းအပြောင်းအလဲတစ်ချို့ရှိခဲ့သည်။အဓိက ပြောင်းလဲမှုတစ်ခုက ကော
ယွီအယ်ရုတ်တရက် နှုတ်ထွက်စာတင်သွားခြင်းနဲ့နောက်ထပ်ပြောင်းလဲမှုတစ်ခုက King Wangရဲ့ အဓိကအခန်းဒီဇိုင်းဆိုင်ရာတာဝန်ခံအဖြစ် ရှောင်ကျန့်ကို ပြောင်းလဲကာ ခန့်ထားခြင်းပင်။

              ထို့ကြောင့် ဝမ်ရိပေါ်၏ မန်နေဂျာ ယွီ
ပင်းက ရှောင်ကျန့်အတွက် ဒုလက်ထောက်တစ်
ယောက်ရှာဖွေဖို့ရာလိုအပ်လာသလို ဝမ်ရိပေါ်၏
အဖိုး ဝမ်အန်းပေါ်မှာလည်း မြေးဖြစ်သူရဲ့ ကုမ္ပ
ဏီမှာ CEOအဖြစ်ပြန်လည် ထမ်းဆောင်နေ၏။

             ဝမ်ရိပေါ် UKသို့ အလုပ်ကိစ္စအချို့ဖြင့်
ရောက်နေချိန်ဖြစ်၏။ကြာချိန်မှာ ၁လကျော်၂
လဟု သတ်မှတ်ထားသဖြင့် သူခရီးသွားရသည့်
အချိန်အတွင်းမှာ အဖိုးဖြစ်သူ ဝမ်အန်းပေါ်ဟာ CEOအဖြစ် ယာယီပြန်ကာထမ်းဆောင်ပေးနေ
သည်။ဝမ်အန်းပေါ်မှာ မြေးဖြစ်သူ ရိပေါ် UKမှ
ပြန်ရောက်လာသည်နှင့် King Wangအပါအဝင်
တခြားကုမ္ပဏီများစွာတို့ကို မြေးဖြစ်သူ၏ နာ
မည်နဲ့ လွဲအပ်ပေးတော့မည်လဲဖြစ်သည်။

                  "ဒေါက် ဒေါက် "

                   "ဝင်ခဲ့ပါ "

                 "မင်္ဂလာပါ Mr.Xiao ကျွန်တော့်ကို ယွီကော လွှတ်လိုက်တာပါ"

                      "ထိုင်ပါ "

                  လက်ထဲရှိ ဒီဇိုင်းဖိုင်လေးအား ချလို့
ရှောင်ကျန့်မှာသူ့ရှေ့က လူအားကြည့်လိုက်ပါ၏။
ထိုသူမှာ အရပ်အမောင်းဒေါင့်ကောင်းကာ အသားဖြူဖြူ ပုခုံးကျယ်ကျယ်နဲ့ မထူမပါးမျက်ခုံးတို့ဖြင့်ချောမောကာ ကြည့်ကောင်းသလို ထိုသူက မိမိထက်ပင်ငယ်ရွယ်ပုံလည်းရှိ၏။မန်နေဂျာ ယွီပင်းလွှတ်လိုက်တာမို့ သူ့ရှေ့လူဟာ မိမိရဲ့ လက် ထောက်ဖြစ်မည်မှန်းကို ရှောင်ကျန့်သိလိုက်ပါ၏။

               "ဒီက Mr.Xaio ဟုတ်ပါသလား "

               "ဟုတ်ပါတယ်"

                 ရှောင်ကျန့် အေးဆေးစွာပင်ခေါင်းလေး
ငြိမ့်ပြလိုက်ပါ၏။

                "တွေ့ရတာ ဝမ်းသာပါတယ် Mr.Xiao"

                 "ကျွန်တော့် နာမည်က Yamatoပါ "

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now