"မင်းတို့ ""ငါ့ အိမ်ပေါ်က အခုထွက်သွားကြ"
"ပါပါး !"
"ကော !"
ပြောနေရင်းနဲ့ လဲကျသွားသူအား
ရှောင်ယန်ကော ရိပေါ်ပါ ပြေးထိန်းလိုက်ကြ၏။"Daddy ပါပါးကိုခဏ ထိန်းထားလိုက် သားဆရာဝန် ခေါ်လိုက်"
"ဟင့်အင်း "
ရှောင်ကျန့် မျက်စိမဖွင့်ထားသော်ညား
သားဖြစ်သူရဲ့ လက်အားလှမ်းဆွဲလို့ ခေါင်လေးရမ်း
လိုက်ပါ၏။ရှောင်ယန် ဖခင်ဖြစ်သူရဲ့ လက်အားပြန်လို့ ဆုပ်ကိုင်လိုက်ပါ၏။
"ပါပါး ပါပါးဘာဖြစ်လဲဆိုတာ
သားတို့ ဆရာဝန်ခေါ်မှရ "
ခေါ်ရင် ....။"မင်းကို အမွှေဖြတ် မယ် !"
သတိမလစ်ခင်စပ်ကြား၌ ဒီစကားကို အားတင်းလို့ပြောသွားသူကြောင့် ရှောင်ယန်ကော
ရိပေါ်ပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
လိုက်ပါ၏။ထို့နောက် ရှောင်ကျန့်အား ဝမ်ရိပေါ်မှာ ချီ
လိုက်လျှက် ယန်မှာတော့ လိုအပ်သော ပစ္စည်းအားယူလို့ သူတို့နှစ်ယောက်စလုံးဆေးရုံဆီသို့ အပြေးလေးနှင့်လိုက်ကြသည်။"ဒေါက်တာ သားပါပါး ဘာဖြစ်တာလဲ "
"ကိုယ်ဝန်ကြောင့် အားနည်းနေတာပါ
ကြည့်ရတာ အားဆေးလည်း ပုံမှန်မသောက်သလို
အစားအသောက်လည်း မမှန်ဘူးထင်တယ် ""ဒါဆို တစ်ခြားကော ဒေါက်တာ "
"လူနာကို ဆရာပေးတဲ့ ဆေးကိုပုံမှန်တိုက်ပြီး အစားအသောက်ကိုလည်း မှန်ဖို့ဂရုစိုက်ပေးပါ ဒါဆို အဆင်ပြေမှာပါ "
"ကျေးဇူးပါ ဒေါက်တာ "
အစားအသောက်အချို့ဝယ်လို့ အ
ပြင်မှပြန်လာ ဝမ်ရိပေါ် အခန်းဝ၌ ထွက်သွားသည့် ဆရာဝန်ကိုတွေ့လိုက်ရသည်မို့ သူအခန်းထဲသို့ ခြေလှမ်းခပ်သွက်သွက်တို့နဲ့ဝင်သွားလိုက်ပါ၏။