Wang စံအိမ်၌ ပထမနေ့ ...
"သခင်လေး မနက်စာတွေ"
"ပြန်သိမ်းထားလိုက် "
အိမ်ပေါ်တစ်ချို့ ခေါင်းချင်းဆိုင်လိုက်ကြပါ၏။သူတို့ပြင်ဆင်ပေးထားတဲ့ မနက်စာကို ပြန်
သိမ်းခိုင်းနေသည့် သူတို့ရဲ့ သခင်လေးကြောင့်
စားပွဲပေါ်မှ အစားအသောက်တို့အား အသီးသီး
တစ်ယောက်စီ ယူကာထွက်သွားကြသည်။"သခင်လေး အေပရွန်ပါ"
ရှောင်ကျန့် မိမိရှေ့သို့ အေပရွန် ထိုးပေး
လာသူကြောင့် သူ့ရဲ့ ဘယ်နှင့်ညာသို့ တစ်ချက်ပြန်ကြည့်လိုက်သည်။သူခုမှ အိမ်ပေါ်ကနေ ဆင်းလာ
တာမို့ သူ့ရဲ့နောက်မှာ တစ်ယောက်မှလည်း ပါမလာခဲ့။
ရှောင်ကျန့် သူ့ကိုယ်သူ လက်ညိုးနဲ့ ပြန်ထိုးပြလိုက်မိ၏။"ဒါ ကျွန်တော့်အတွက်လား "
အိမ်တော်ထိန်း ပြုံးလိုက်ပါ၏။
"ဟုတ်ပါတယ် သခင်လေး...အခုကစပြီး
အိမ်ရဲ့ အချက်အပြုတ်နဲ့ လျှော်ဖွတ်သန့်ရှင်းရေးကို သခင်လေးတစ်ယောက်ထဲပဲ တာဝန်ယူရမှာပါ ""ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ သခင်လေး "
အိမ်စေလို့ပင်ထင်ရသည့် မိမိထက် အတော်ပင်အသက်ကြီးသည့် ထိုလူမှ မိမိလက်
ထဲကိုအေပရွန်ပေးပြီး ရှေ့ကနေ ဦးဆောင်ကာ
ခေါ်သွားတာမလို့ ရှောင်ကျန့် သက်ပျင်းလေး
တစ်ချက်ချကာ ထိုအေပရွန်အားဝတ်လိုက်ပါ၏။
သူ ခံပျင်းမိတယ်ဆိုရင်တောင် သားဖြစ်သူဟာ
ဝမ်ရိပေါ်လက်ထဲမှာမို့ သူငြိမ်ခံနေရုံတစ်ပါး မ
တတ်နိုင်သည့် အခြေအနေပါပင်။ရှောင်ကျန့် အေပရွန်တစ်ခုနှင့် ထိုလူခေါ်ရာနောက်ကို လိုက်သွားလိုက်ပါ၏။
မီးဖိုခန်းထဲ၌ တန်းစီကာရပ်နေသည့် အိမ်ဖော်တစ်ချို့ကို သူ့တွေ့လိုက်၏။အမျိုးသားကော အမျိုးသမီးတွေပါ အားလုံပေါင်း၂၀လောက်ရှိမည်ဖြစ်ကာ ထိုသူအားလုံးတို့က သူ့ကိုတွေ့တာနဲ့
ဦးညွှတ်လာကြသည်။