အပိုင်း(၂၁)

3.7K 223 12
                                    

                   "အားဝေ "

                 "မင်း သတိရပြီလား! "

              နှစ်ရက်လောက် ဖျားနေသည့် အားဝေ သတိကောင်းကောင်းရလာပြီမို့ သူငယ်ချင်းဖြစ်သူ
ဂျောက ဆွဲထူပေးရင်းပြောလိုက်ပါ၏။

               ဂျောက တရုတ်နဲ့အိန္ဒိယ ကပြားမို့ အသားအရေမှာ ညိုတဲ့ဘက်ကိုသွားကာ သူဆွဲ
ထူပေးလိုက်သည့် အားဝေမှာက တရုတ်စစ်စစ်
မို့ ဖြူဖျော့သည့် အသားအရေမှာ သူ့ရင်ခွင်ထဲ၌
ပို၍ အထင်သားပါပင်။

                  တစစ်စစ်ကိုက်နေသည့် ခေါင်လေးအား ဖိ၍ အားဝေသူ့မျက်လုံးလေးအား ကြိုးစား
လို့ဖွင့်လိုက်ပါ၏။သူက သူငယ်ချင်းဖြစ်သူ ဂျော
ရဲ့ အခန်းထဲရောက်နေတာပင်။ယန့်အခန်းထဲ
မှာ သူ့နောက်ဆုံး သတိလစ်သွားတဲ့ အခြေအနေထိ
မှတ်မိလိုက်ပြီး ဂျောရဲ့အခန်းထဲကို သူဘယ်လိုရောက်နေတာလဲတော့ သူမသိပါ။

               ဂျောမှ သူငယ်ချင်းဖြစ်သူ အားဝေအားဆွဲထူလို့ ဆန်ပြုတ်ရေကျဲကျဲလေးအား ပထမဆုံးခွံလိုက်ပါ၏။နှစ်ရက်လောက် အားပျက်ထားသူကို သူကြိတ်မှတ်လို့သာ ဆန်ပြုတ်ခွံကျွေးမိပါသည်။

                   "အဟွတ် အဟွတ် ! "

                     လည်ချောင်းထဲကို အဆက်မပျက်ဝင်လာနေတဲ့ ဆန်ပြုတ်တွေကြောင့် အားဝေ ချောင်းတဟွတ်ဟွတ်ဆိုးလို့ ဂျောရဲ့လက်ကို လှမ်းတွန်းလိုက်ပါ၏။

                 ဂျောလက်ထဲက ဇွန်းလေး ကြမ်းပြင်ပေါ်ကို လွင့်စင်သွားပြီး ဂျောရဲ့ဆူပူစောင့်အောင့်
မှုတို့ စတင်လိုက်ပါ၏။

                     "မင်း ဘာလုပ်တာလဲ အားဝေ !ငါက မင်းသေမှာဆိုးလို့ မင်းကိုကျွေးနေတာ !ကိုယ့်ပုံစံလည်း ကိုယ်ပြန်ကြည့်ဦး လူနဲ့တူသေးရဲ့လားလို့ !  "

               ရင်ခွင်ထဲသို့ထည့်ကာ ဆူပူနေသည်မို့
အားဝေရဲ့ နှုတ်ခမ်းနဲ့နှုတ်ခေါင်းလေး ချက်ခြင်းရှုံ့တက်လာ၏။သူဘာလို့များ ဆူခံရဖို့နိုးရလာတာ
လည်း။ဂျောက သူ့အပေါ်ကို စေတနာမရှိတာ သူအရင်ကထဲက သိပေမဲ့ အခုလို နေမကောင်းချိန်မှာ ဂျောဆီက အဆူခံရတော့ သူပို၍ ဝမ်းနည်းမိပါ၏။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now