အပိုင်း(၃)

3.8K 282 5
                                    

             "ဒုန်း" "ဒုန်း' "ဒုန်း"

ရိပေါ်တစ်ယောက် ဂိုထောင်တံခါးအား သူ့လက်ဖြင့်ထုလိုက်သည်။

ရှောင်ကျန့်သာ အထဲမှာရှိနေရင် သူတံခါးကို လာဖွင့်ပေးရမှာပေါ့။

လော့ချ်ကအထဲကနေ ချထားတာမို့ တံခါး
အားသူ့လက်ဖြင့်ထုရင်း ရိပေါ် တစ်ယောက် ရှောင်ကျန့်ကြားအောင်လို့အော်ခေါ်လိုက်သည်။

"ရှောင်ကျန့် တံခါးဖွင့်စမ်းလို့..!!!!"

သူအသံဝင်အောင်ထိ အော်ခေါ်နေပေမဲ့ အထဲမှပြန်ထူးသံ တစ်ခွန်းတလေကိုတောင်မှ သူမကြားရ။

ရိပေါ် ကျစ်တစ်ချက် သတ်လိုက်ရင်း
ဂိုထောင်၏ အနောက်ဘက်ပေါက်စီသို့ သွားလိုက်သည်။ဂိုထောင် တံခါးက အပြင်မှ သော့ ခတ်ထားသည်မို့ ရိပေါ် နီးစပ်ရာ တုတ်တစ်ချောင်းအား ကောက်ယူရင်းအားဖြင့် ရိုက်ကာ
ဖွင့်လိုက်သည်။

တံခါးပွင့်သွားတော့ သူအထဲသို့ အပြေးလေးဝင်လိုက်သည်။

"ရှောင်းရှောင်ကျန့်..!!!"

ရိပေါ် တစ်ယောက် သွေးစောင့်တက်ကာသွားသည်။ဘာလို့ဆို ထိုလူသားက ပစ္စည်းပုံတွေကြားမှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်နေလို့ပင်။

"ရှောင်းရှောင်ကျန့်.!!!!"

ရိပေါ် စိတ်တိုတိုနဲ့ဘေးမှပစ္စည်းဗုန်းအား ကန်ထုတ်လိုက်တော့ ဝုန်းဆိုသော အသံနှင့်အတူရှောင်ကျန့်တစ်ယောက် လန့်နိုးလာခဲ့သည်။

ရှောင်ကျန့် သူ့မျက်လုံးလေးကို ပွတ်သတ်ရင်း ရိပေါ်ကိုမြင်တော့ အလန့်တကြားလေးမတ်တပ်ထရပ်လိုက်မိသည်။

"ဘာဖြစ်လို့ပါလဲ...ဒုဥက္ကထ"

ရှောင်ကျန့် သူ့ခေါင်းလေးကို ညွှတ်ရင်းပြောလိုက်တော့ ရိပေါ်ဆီမှ ဆုတ်တစ်ချက်သတ်သံကိုကြားရသည်။

ရိပေါ်..သူ့ဘေးမှ ပစ္စည်းဗုန်းအား ဝုန်းခနဲကန်ထုတ်လိုက်သည်။အထဲက ပစ္စည်းတွေ ကွဲ ကြေကာတစ်စစီဖြစ်ကုန်ပြီလားမသိ။

ရှောင်ကျန့်...ခန္တာကိုယ်လေး တုန်တောင်တက်သွားမိသည်။ပစ္စည်းတွေအား တဗုန်းဗုန်းနဲ့ ကန်ထုတ်နေသည့် ဒုဥက္ကထက ဘာမှန်းဖြစ်နေမှန်းကိုမသိ။သူလဲဘာအမှားမှ မလုပ်ခဲ့ပဲနဲ့။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now