အပိုင်း(၁၇)Zawgyi💙

1.1K 35 0
                                    

"ဗြန်း !"

"ဗြန်း !"

"ဗြန်း !"

ကျောပြင်ဆီသို့ ခါးပတ်နှင့် လှိမ့်ပိန့်လို့
အရိုက်ခံနေရသူ၏ မြင်ကွင်းမှာ မြင်ရသူအဖို့စိတ်မချမ်းသာစရာကောင်းသလောက် ခံရသူမှာအော်ပင်မအော်နိုင်ရှာ။

လူကြားထဲ လေးဘက်ထောက်လို့
တိရိစ္ဆာန်တစ်ကောင်လိုပင်ပြုမှုခိုင်းကာ အပေါ်
မှ ခါးပတ်နှင့်လွဲရိုက်နေသူဟာ ဝမ်ရိပေါ်ပါပင်။
ဝမ်ရိပေါ်၏ အမုန်းအားခံရလျှင် သေသွားတာထက်ပင် ပိုလို့ဆိုးဝါးပါ၏။

အရိုက်ခံနေရသူဟာ ကောယွီအယ်ပါပင်။
အစေခံတို့ကြား လေးဘက်ထောက်လို့ ပါးစပ်တွင်
လည်း အဝတ်စနှင့်ပိတ်ဆို့ခံထားရတာကြောင့် အသည်းခိုက်အောင်နာကျင်နေလဲသူ့မှာမအော်နိုင်ရှာ။ဒီအိမ်ကို သူ့ကို ထမင်းစားဖိတ်လို့ သူလာခဲ့တာဖြစ်ပေမဲ့ တကယ်အကျွေးလာတာဟာ စားသောက်ဖွယ်ရာတို့နဲ့တော့မဟုတ် နှိပ်စက်မှု မျိုးစုံတို့နဲ့သာ ။အခုတောင် သူ့ကိုအီင်္ကျီတို့ ချွတ်ခိုင်းလို့ အတွင်းခံတစ်ထည်နဲ့သာ လူကြားထဲဒူးကော လက်ကော
ထောက်ခိုင်းထား၏။ဝမ်ရိပေါ်ရဲ့ ဥပဒေဟာ ဝမ်ရိပေါ်အိမ်အတွင်းမှာပင်။တရားတာတွေ မတရားတာတွေ ထိုသူမသိ။

ကောယွီအယ်မှာ ပြေးပေါက်မရှိ။သူပြေးထွက်ဖို့လုပ်ရင်လဲ သူ့အစေခံတွေက ရှေ့ကနေဝိုင်းကာထားပါ၏။ထိုအစေခံအားလုံးတို့ သူ့ဆီကိုခါးပတ်ကိုယ်စီကိုင်ပြီးဝင်လာကာမှ သူသေတော့မည်ဆိုတာ ကောယွီအယ်သိလိုက်ပါ၏။သူမသေချင်သေးပါ။ဒါကြောင့်ဝမ်ရိပေါ် စိတ်တိုင်းကြ သူလူကြားထဲ ဒူးထောက်လို့ အရိုက်ခံနေရခြင်းသာ။

"ဗြန်း ! ဗြန်း ! ဗြန်း ! ဗြန်း ! "

"ဗြန်း! ဗြန်း! ဗြန်း! ဗြန်း !"

"Shit*"

ဝမ်ရိပေါ် ရိုက်နေတာကို ရပ်လိုက်သည်နှင့် ကြမ်းပြင်မှာ လေးဘက်ထောက်နေသူလည်း အောက်ဆီသို့ခေါင်းဆိုက်ကာကျသွား၏။

"ဘုန်း !"

လက်ထဲမှ ခါးပတ်အား လွတ်ပြစ်လို့
လဲကျနေသူအား ထန်ကာကန်ကျောက်လိုက်၏။

"တောင်း တောင်းပန်ပါတယ်!
ဝမ်ဝမ်! ! ငါ! ! ငါမှားသွားပါတယ်! ! "

သူ့ကို လက်အုပ်လေးချီကာ ပြောလာသူကို ဝမ်ရိပေါ် စူးရဲစွာနဲ့ပြန်ဆိုက်ကြည့်နေ၏။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now