ကြီးမားသော စံအိမ်အတွင်းက တန်ဖိုးကြီး
နာရီတစ်ခု၏ အသံ...."ချပ် ! " "ချပ် ! "
တိုင်ကပ်နာရီမှ တချပ်ချပ် ရွှေ့လျားမှုနဲ့အ
တူ တစ်စုံတစ်ဦးဟာလည်း သူ့မျက်လုံးတို့အား
ဖွင့်ကာကြည့်လိုက်ပါ၏။သူဘယ်ကိုများရောက်နေတာလဲ။ကြီးမားတဲ့ မျက်နှာကျက်နဲ့ ခမ်းနားလွန်းတဲ့ အခန်းအနား အပြင်အဆင်တို့ကြောင့် သူ့အိမ်ကြီးတစ်အိမ်ထဲမှာ ရောက်နေတာတော့ သိလိုက်ပါ၏။
သူသည် ရှောင်ကျန့် ။
ရှောင်ကျန့် ကုတင်ပေါ်မှ ဆင်းလိုက် ပါ၏။ထို့နောက် သူကုတင်ပေါ်မှ လှမ်းကြည့်
ရင် ခပ်လှမ်းလှမ်းမှာရှိနေသည့် ပိတ်စအဖြူ
အုပ်ထားသည့် ပန်ချီကားချပ်လို အရာတွေဆီ
သို့သွားလိုက်ပါ၏။သို့သော် ထိုအရာတွေထက်က ပိတ်စအဖြူလေးအား သူလှမ်းမကိုင်မိပါ။သူ ခေါင်းထဲကို
တိုးဝင်လာသည်က ရုံးခန်းထဲမှာ ဖြစ်ပျက်ခဲ့သမျှ
အကြောင်းတွေကိုပင်။ရှောင်ကျန့် သူအဖမ်းခံလိုက်
ရပြီမှန်း သိလိုက်ပါ၏။သူ အိမ်ပြန်ဖို့ လို့အပ်ပါ သည်။ဒါကြောင့် အချိန်ဆွဲမနေတော့ပဲ အခန်းတံခါးလေးဆီသို့ သူလက်လှမ်းလိုက်မိ၏။အခန်းတံခါးမှာ လော့ခ်ချမထားပါ။အခန်းတံခါးအား သူတွန်းကာ ဖွင့်လိုက်ပါ၏။လွတ်လမ်းသည် သူ့အားဆီးကြို
မနေပါ။သူအခန်းတံခါးဖွင့်လိုက်သည်နှင့် တပြန့်
တပြောနဲ့ ကျယ်ဝန်းသည့် နောက်အခန်းတစ်ခုမှာဆီးကြိုလို့နေပါ၏။လွတ်စရာ လမ်းမမြင်သည့်အပြင် ရှောင်ကျန့် သူ့ကို နောက်ကျောပေးကာ ထိုင်နေသူအား တွေ့လိုက်ရပါ၏။ရှောင်ကျန့် သူ့ခန္တာကိုယ်လေးအား ကြုံ့ကာ ဒူးလေးတစ်ဖက်ထောက်ချလိုက်၏။မျက်နှာ
မမြင်ရပေမဲ့ ကျယ်ပြန့်သည့် ထိုနောက်ကျောပြင်
ပိုင်ရှင်ဟာ ဝမ်ရိပေါ်ပင်။ရှောင်ကျန့် နောက်သို့ပြန်ဆုတ်ရန်ပြင်လိုက်ပါ၏။သို့သော် မျက်ဝန်းထောင့်မှ မြင်လိုက်ရသည့်အရာကြောင့် သူခြေလှမ်းတို့ တုံ့ခနဲရပ်သွားပါ၏။