ဝမ်ရိပေါ် အပြင်သွားနေချိန်တွင်စံအိမ်အတွင်းက အစေခံတွေလည်း အလုပ်ရှုပ်နေကြသည်။
အစေခံအချို့မှာ ဟိုသည်ပြေးကာ
စံအိမ် အတွင်းခြေချုပ်နေသလောက် ရှောင်ကျန့်
မှာအလုပ်ပိတ်ရက်မို့ အိမ်အတွင်း၌ပဲ အကျင်းချခံ
ထားရပါ၏။သို့ပေမဲ့ ရှောင်ကျန့် ထိုအရာအားမမှု
ပါ။ဘာလို့ဆိုတော့ သူဟာသားဖြစ်သူအခန်းထဲမှာ သားဖြစ်သူနဲ့ အတူတူပိတ်ခံထားရတာကြောင့်
ပင်။ရှောင်ကျန့် သူ့မျက်လုံးမှာ စီးထားခံရတဲ့ ပုဝါအားဆွဲကာဖြုတ်လိုက်ပါ၏။နောက်ဆုံးတော့ သားဖြစ်သူဆီကို သူရောက်နိုင်ခဲ့ပြီ။
"သားယန် "
"ပါပါး "
ရှောင်ကျန့် နဲ့ရှောင်ယန်တို့သားအဖ တစ်ယောက်ကိုတစ်ယောက် မျက်ရည်တို့နဲ့ဖတ်လိုက်မိ
ပါ၏။တစ်ကယ် သူတို့တွေအများကြီးလွမ်းနေခဲ့ရတာ။ရှောင်ကျန့်တို့သားအဖ အချိန်တစ်ခုကြာသည်အထိ ဖတ်လို့ငိုပြီးသည်နှင့် တစ်ယောက်ကိုတစ်ယောက် ဖက်ထားတာအားလွှတ်လိုက်ကြသည်။ရှောင်ကျန့် သားဖြစ်သူရဲ့ မျက်ရည်တို့အားတစ်ယုတစ်ယနဲ့သုတ်ပေးနေမိသလို ရှောင်ယန်မှာလည်း မျက်ရည်တို့မဆဲပင်။ရှောင်ယန် မျက်ရည်တို့နဲ့အတူ သူ့ပါပါးရဲ့မျက်နှာလေးဆုပ်ကိုင်မိ၏။သူ့ပါပါးရဲ့ မျက်နှာလေး တစ်ကယ်အများကြီး ချောင် ကျသွားခဲ့တာပင်။သူ့ ပါပါး အဲဒီလူဆီမှာဘယ် လောက်တောင်မှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့နေခဲ့ရမလဲ။
ရှောင်ယန် ဝမ်းနည်းစိတ်၊ဒေါသစိတ်တို့နဲ့သာ ပို၍ရှိုက်ငိုမိသည်။ရှောင်ကျန့် ခေါင်းလေးတစ်ခါခါနဲ့ သားဖြစ်သူရဲ့ မျက်ရည်တို့အားသုတ်
ပေးမိပါ၏။သားဖြစ်သူ ငိုနေတာကို သူမကြည့်ရက်နိုင်ပါ။"သားယန်"
ဖခင်ဖြစ်သူရဲ့ အခေါ်အား ရှောင်ယန်
မျက်ရည်တို့နဲ့သာ ခေါင်းလေးငြိမ်မိပါ၏။