အပိုင်း(၈)

3.6K 217 7
                                    

    ရှောင်ယန် အိမ်ပြန်ရောက်တော့ သူ့စက်ဘီးလေးကို ချောင်ထိုးရင်း အိမ်ထဲသို့ပြေးကာဝင်လိုက်
ပါ၏။နောက် ရေတစ်ခွက်ခပ်မြန်မြန်ခပ်ကာ လက်ထဲမှ ဆေးအချို့နဲ့အတူတူ သူ့ပါပါးရဲ့အခန်းဆီသို့
ခြေလှမ်းကျဲကျဲတို့နဲ့ဝင်သွားလိုက်သည်။

              ခွမ်း ! ! !

               "ပါပါး! ! "

               ရှောင်ယန့်လက်ထဲမှ ရေခွက်လေးလဲ၀ပြုတ်ကျကာသွားသလို သူအခန်းထဲကို
ရောက်တော့ကုတင်ဘေးမှာ ဒူးလေးနှစ်ဖက်ပိုက်ပြီး တရရှုံ့ရှုံ့ငိုနေတဲ့သူ့ပါပါးကိုလည်း ရှောင်
ယန်တွေ့လိုက်ရပါ၏။

            "ပါပါး သားကိုကြည့် ဘာဖြစ်လို့လဲ"

              မျက်လုံးနှစ်လုံးအား စုံမှိတ်ကာ ငိုနေသည့် သူ့ပါပါးက အိပ်မက်ဆိုးမက်နေဟန်ရှိပြီး သူဝင်လာတာတောင် သတိမထားမိသေး။ရှောင်ယန်မှာ
ဒူးလေးနှစ်ဖက်ကြားက သူ့ပါပါးရဲ့မျက်နှာအား
ဆွဲမေ့စေလိုက်ပါ၏။

                 "ဟင့်! ! ယန်လေး "

                  သူ့ ပါပါးက အဖျားရှိန်ကြောင့် ကယောင်ကတမ်းတွေဖြစ်နေပါ၏။

                 မိမိ​ဆွဲကာမော့လိုက်သည်နှင့် မိုးပြိုလုမတတ်မျက်လုံးတို့နဲ့ငိုကာ ရင်ခွင်ထဲသို့ပြေးဝင်လာသည့် မိမိရဲ့ ပါပါး။ပါပါးတစ်ကိုယ်လုံးလည်း
ချွေးစေးတို့ပြန်နေ့ပြီးတော့ သူ့ပါပါးက တစ်ကယ်အိပ်မက်ဆိုးမက်နေခဲ့တာပင်။

             ရှောင်ယန်သူ့ သူ့ပါပါးရဲ့ တုန်ယင်နေတဲ့ကျောပြင်လေးအား ခပ်ဖွဖွလေးပုတ်ကာ ချော့ပေးမိ၏။

               "ပါပါး ဘာမှမဖြစ်ဘူးနော် သားရှိတယ်...ပါပါးဘာမှမကြောက်နဲ့....ပါပါးကိုသား
ကာကွယ်ပေးမယ်....သားရဲ့ပါပါးလေး ဘာဖြစ်
လဲဆိုတာပဲ သားကိုပြော"

             ရှောင်ယန်မှာ သူ့ပါပါးကို ကလေးတစ်ယောက်သဖွယ်ချော့မြူသလို သူကတော့ လူကြီးတစ်ယောက်သဖွယ်လုပ်ကာ ကျောသပ်ကာ ချော့မြူပေးနေပြန်၏။သို့သော်လည်း သူ့ပါပါးက ငိုမြဲငိုနေတိုင်းပဲဖြစ်ကာ အိပ်မက်ဆိုးမက်လို့ လန့်နိုးလာတဲ့ကလေးတစ်ယောက်လို ကြောက်အားလန့်အားနဲ့ပဲငိုနေတုန်းပင်။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now