အပိုင်း(၅)

3.7K 229 1
                                    

         "ပါပါး......"

           "သားကိုယ်တိုင် အလုပ်ကို လိုက်ပို့ပါမယ်ဆိုတာကို"

            ရှောင်ယန်လေးက ဆူပုတ်ပုတ်မျက်နှာလေးနဲ့ သူ့ရဲ့စက်ဘီးလေးအားထုတ်လိုက်၏။သူ့အတွက် ဒီအချိန်ဟာ ကျောင်းသွားဖို့ စောနေသေးပေမဲ့ သူ့ပါပါးကို စက်ဘီးလေးနဲ့အလုပ်ကို လိုက်ပို့ရင်း သူပါတစ်ခါထဲ ကျောင်းကို စောစောသွားလိုက်မည်ဟု တွေးထားလိုက်သည်။

            "ရှောင်ယန်ရယ်...ပါပါး သားနောက်ကနေ မစီးရဲပါဘူး...ဒီလိုပြိုင်ဘီးမျိုးလည်း ပါပါးက မနင်းတတ်ဘူးလေ"

           ရှောင်ယန်လေးက ခပ်စူစူမျက်နှာလေးနဲ့ သူ့ပါပါးအားကြည့်လိုက်သည်။

        အလုပ်သွားရင်း စက်ဘီးပျောက်လာတယ် ဆိုတဲ့သူ့ပါပါးကြောင့် သူကိုယ်တိုင် အလုပ်ကို လိုက်ပို့ဖို့အတွက် မနက်အစောကြီးကထဲက အိပ် ရာထခဲ့ရသည်။ရှောင်ယန်က သူ့ပြိုင်ဘီးလေး
နမျှောတသနှင့်ပဲ သာမန်ဘီးလေးလိုဖြစ်အောင် နောက်ဖင်ထိုင်ခုံလေးပါ ပြောင်းထည့်ခဲ့
သည်။

        အခုမှ သူ့ပါပါးက သူ့နောက်ကနေ မစီးရဲဘူးတဲ့လေ။အဲ့သလိုဆိုလည်း ပါပါးကို စက်ဘီးနင်းလို့ သူပြောချင်ပေမဲ့ ဒီစက်ဘီးကိုလည်း သူ့ပါပါးက မနင်းတတ်ပြန်ဘူးတဲ့။

           ရှောင်ယန်လေးက သူ့ပါပါးကို ကြည့်ပြီး သက်ပျင်းလေးတစ်ချက်ချလိုက်သည်။

          "အဲ့ဆို ပါပါးက ဘယ်လိုအလုပ်သွားမှာလဲ"

        ရှောင်ကျန့် သူ့ကိုစိတ်ပူနေတဲ့ ထိုကလေးကြောင့် ပြုံးလိုက်မိသည်။သူ့သားလေးက အ
ခုဆို တော်တော်လေးပင် ပြောင်းလဲသွားခဲ့ပြီ။
အရင်လို ခပ်ဆိုးဆိုးအမူအကျင့်တွေလည်း မရှိတော့သလို အခုဆို မနက်အစောကြီး ထပြီး
တော့တောင် သူ့ကိုကူညီညာပေးခဲ့သည်။သူ့ကလေးလေး ဒီလိုလေးပြောင်းလဲသွားတော့လဲ သူ့မှာကြည်နူးမိသည်။

        သို့ပေမဲ့တစ်စုံတစ်ယောက်ကြောင့် သူ့ကလေးလေးပြောင်းလဲသွားတာကို သူတွေးမိတော့လဲ ရှောင်ကျန့် သက်ပျင်းလေးချလိုက်မိသည်။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now