အပိုင်း(၉)

3.5K 225 11
                                    


ဒီနေ့တော့ ခွင့်တင်ထားတာလည်း ပြည့်ပြီမို့ရှောင်ကျန့် အလုပ်သို့သာလာခဲ့လိုက်ပါသည်။သူဖျားတာအရှင်းကြီး မပျောက်သေးဘူးဆိုပေမဲ့လည်းဒီထက်ခွင့်ထပ်ယူပြန်ရင်လဲ မကောင်းတာမို့ ရှောင်ကျန့် အလုပ်သို့သာ လာခဲ့လိုက်ပါ၏။

"မင်္ဂလာပါ ရှောင်ကော"

ရှောင်ကျန့် ကုမ္ပဏီထဲကို ဝင်ဝင်ခြင်းပဲ သူ့ကို နှုတ်ဆက်နေသည့် ကလေးတစ်ချို့ကြောင့် သူခေါင်းလေးပြန်ညွှတ်ပြလိုက်ပါ၏။ဒီဇိုင်နာ ကောယွီအယ်ရဲ့ လက်ထောက်ဆိုတဲ့ ဂုဒ်ပုဒ်ကလည်း ဒီကုမ္ပဏီမှာ အရမ်းကြီး နိမ့်ကျပြီးတော့ သေး
ငယ်မနေပါ။

သူထက်ရာထူးအဆင့်နိမ့်သည့် လူတစ်ချို့ နှုတ်ဆက်တာကိုလက်ခံပြီးသည်နှင့် ရှောင်ကျန့်
စာရေးမလေး ရွဲလီ ဆီမှာသူရုံးတက်ကြောင်း လက် မှတ်သွားထိုးလိုက်ပါ၏။ထို့နောက် သူ့အလုပ်စားပွဲ
ရှိရာဆီသို့ ရှောင်ကျန့်မှာသွားကာ ထိုင်လိုက်ပါ၏။
ပုံမှန်ရုံးတက်ချိန်ထက် သူစောစောရောက်နေတာမလို့ ကုမ္ပဏီမှာ လူစုံတက်စုံပင်မရှိသေးပါ။

ရှောင်ကျန့် လုပ်လက်စ အကြွေးဟောင်းစာရင်းအချို့ကို ဖြတ်နေရင်းနဲ့ ဗိုက်ထဲ
မှဆာဆာလောင်လောင်ရှိလာသည်မို့ ဆေးနဲ့ ကော်ဖီပူပူလေးတစ်ခွက်သောက်ဖို့ရာ သူထ
လာလိုက်ပါ၏။

အဖျားရှိန်ကြောင့် ခေါင်းထဲမှာသိပ်
ပြီးတော့ မကြည်လင်သေးပေမဲ့လည်း ဆေးသောက်ရင် သက်သာသွားမှာပါလို့တွေးရင်း
ရှောင်ကျန့် သူကိုယ်တိုင်ဖျော်လာသည့် ကော်ဖီ
ပူပူလေးအားမှုတ်ကာသောက်လိုက်မိ၏။အိမ်မှာ
သားဖြစ်သူ ရှောင်ယန်တားနေသည့်ကြားမှ သူ
အလုပ်ကို အတင်းထွက်လာခဲ့တာဆိုတော့ ဗိုက်
ထဲမှာလည်း အစာမရှိသေးသည်အပြင် ကော်ဖီလေးတစ်ခွက်နဲ့မုန့်တစ်ခုခုကိုစားပြီးတော့သာ
သူဆေးသောက်မည်ဟု ရှောင်ကျန့်တွေးလိုက်မိပါ၏။

"ရှောင်ကော ဒုဥက္ကထရှာနေပါတယ်"

"အခုချက်ခြင်းတဲ့ "

စာရေးမလေး ရွဲလီ အပြေးလေး
လာပြောသည်နှင့် ရှောင်ကျန့်မှာ စားလက်စမုန့်
နှင့် သောက်လက်စ ကော်ဖီခွက်လေးအား ချကာ
CEO ရုံးခန်းရှိရာဆီသို့ထွက်လာခဲ့ပါ၏။ကုမ္ပဏီမှာ ရာထူးအကြီးဆုံးက CEOပြီးရင် ဒုဥက္ကထဆိုပေ
မဲ့ ဒီကုမ္ပဏီမှာတော့ ဒုဥက္ကဆိုသောလူဟာ အဓိက
အကျဆုံးလူပင်။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now