အပိုင်း(၆)

3.6K 228 3
                                    

                  
     " ရိပေါ် ကောကိုအဖြေပေးလေ ကောကိုချစ်ရဲ့လား"

        ရှောင်ကျန့်က ရိပေါ်၏ ခန္တာကိုယ်အား အတင်းအကြပ်ဆွဲကာဖက်ရင်းနဲ့ပြောလိုက်သည်။

        သေးငယ်သည့် ၁၅နှစ်အရွယ်ထိုကောင်လေးက ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာအတိပဲမို့ ရှောင်ကျန့်ကတော့ လွတ်ထွက်မသွားအောင်လို့ဖတ်ထားမိသည်။

           သူနဲ့ရိပေါ်က အသက်အရွယ်မတူကြ။သူက ၁၆နှစ်ဖြစ်ပြီးတော့ ရိပေါ်ကတော့ ၁၅နစ်အရွယ် ကောင်လေးဖြစ်၏။သူဟာ ထိုကောင်လေးကို မြင်မြင်ခြင်းကြိုက်ခဲ့သူ့ဖြစ်ပြီးတော့ အရင်ဦးဆုံး သဘောကျမိခဲ့သူပင်။

           အခုတော့ ထိုကောင်လေးက သူ့ရင်ခွင်ထဲမှာ မျက်နှာငယ်လေးဖြင့်ရုန်းကန်နေရှာသည်။ရှောင်ကျန့်က မလွတ်ပေးဘဲ အတင်းဖတ်ထားလေတော့ ထိုကောင်လေးက ငိုဖို့ပင်ဟန်ပြင်ထား လေသလားမသိ မျက်ရည်လေးဝဲလျှက် သူ့အားမျက်နှာငယ်ဖြင့်ကြည့်လို့နေ၏။

            ခန္တာကိုယ်တစ်ခုလုံး စွတ်စွတ်ဖြူဖွေးကာ နှင်းလုံးလေးတွေလို ထိကိုင်ရင်တောင်မှ ပဲ့ကြွေသွားမည်ဟု ထင်ရသောကြောင့် ရှောင်ကျန့်မှာ ထိုအလှလေးကို ချစ်လွန်းလို့ ပါးဖောင်းဖောင်းလေးထဲသို့ နစ်ဝင်အောင်လို့ နမ်းလိုက်သည်။

       "ကော...ပေါ်တိကို အဲ့လိုမလုပ်ပါနဲ့ လမ်းမှာလူတွေရှိတယ်လေ"

         ရိပေါ်လေးက မတားရားခံရတဲ့သူလေးတစ်ယောက်လို  ကူကယ်ရာမဲ့နေတဲ့ မျက်နှာလေးနဲ့ရှောင်ကျန့်အား ကြည့်ကာ​ပြောနေသည်။

         အခု သူတို့ရောက်နေသည်က ကျောင်းရှေ့ လူ့မြင်ကွင်းမှာပင်။ရှောင်ကျန့်ကတော့ သူ့ထက်ခေါင်းတစ်လုံးပင်ပုနေသည့်ထိုကောင်လေးကို နမ်းလိုက်ရှုံလိုက်နှင့် အနမ်းမိုးတွေကြဲလျှက်။

         ရှောင်ကျန့်က စနောက်ချင်သည်ကြောင့် မျက်ရည်အဝဲသားနဲ့ဖြစ်နေသည့်ထိုကောင်လေးအား မဲ့ပြုံးလေးဖြင့်ကြည့်လိုက်သည်။

            "ဒါလမ်းလေ လူရှိတာ စမ်းလို့လား
ကိုယ့်ကို လွတ်ပေးဖို့တော့ လာမပြောနဲ့...အဲ့တာဆို ဒီထက်ပိုပြီး အခြေအနေဆိုးသွားမယ်"

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now