24

2.1K 136 0
                                    


" Kim Taehyung CEO ခေါ်နေတယ် "
"Kim Taehyung CEO ခေါ်နေတယ် "

အဲ့လိုခေါ်သံက တပတ်လုံးကို တနေ့ တနေ့ အကြိမ်ပေါင်းမနည်း ကြားနေရခြင်းပင်.

အခြားသူတွေက တော့ CEO က Kim Taehyung ကို တော်တော်ခိုင်းနေတယ်လို့ပဲ ထင်နေပေမယ့်

ဟို လေးကောင်ကတော့ ကျွန်တော် အဖြစ်ကို ဝိုင်းဟားနေကြတယ်လေ..

ကိုယ့်သူငယ်ချင်း အပြစ်ပေးခံနေရတာကို ပျော်နေတဲ့ကောင်တွေပေါ့.

တဖက်က ချစ်ရသူဆိုတာကလည်း. တမင်များ
နိုပ်ဆက်နေသလား အောင့်မေ့ရတယ် နာရီဝတ် တခါလောက်ကို ခေါ်နေတာ.

တနေ့တနေ့ အကြိမ်ပေါင်း မနည်းဘူး သွားသွား နမ်းနေရတာနဲ့ တင်ကို ဘာအလုပ်မှ မလုပ်ဖြစ်တော့ ဘူး.

ထမင်းစားချိန်လည်း ခေါ် အလုပ်လုပ်လည်းခေါ်. ပြောရမယ် Toilet ထဲရောက်နေတာတောင် ခေါ်လို့ ကမန်းကတန်းပြေးရသေးတယ်..

တရက်ဆို ကိုယ်က အောက်ဆုံးထပ် မှာ သူက ဟိုးမိုးမျှော်ထပ်မှာ အဲ့တာကို သူစီလာတာ နောက်ကျလို့ဆိုပြီး ရစ်သေးတာ.. ရည်းစားရတာလား ကလေးထိန်းနေရတာလား မသဲကွဲဘူး..
ဗလအားကိုး နဲ့ ကို အနိုင်ကျင့်နေတာ..

နောက်ဆို အရက်တောင်မသောက်ရဲတော့ဘူး ဗျာ..

ဒီနေ့က နောက်ဆုံးနေ့ပေါ့ ဟီးဟီး အပြစ်က ကင်းလွတ်တော့မှာ မို့လို့ပျော်နေတာ.. အဲ့ အပျော်ကလည်း မကြာပါဘူး နောက်ဆုံးနေ့ ဖြစ်မှပဲ ခေါ်လိုက်တာ ဆိုတာကလည်း ခဏခဏ

ဟိုကောင်တွေကတော့ပြောပါတယ် မင်း CEO အခန်းထဲမှာ သာ သွားနေပါတော့လား တဲ့..

ကျွန်တော်က ပြောလိုက်ပါတယ် နှုတ်ခမ်းလည်း ဖြုတ်ပေးလို့ရရင် ဖြုတ်ပေးခဲ့တယ်လို့..

ခုလည်း ကြည့်ခေါ်ပြန်ပြီ တော်တော် ဒေါသထွက်လာပြီ အဲ့လောက် ဖြစ်နေတာ တွေ့မယ်..
....

ကျွန်တော် တံခါးဖွင့်ပေးလိုက်သည်နှင့် ဝင်လာတဲ့ Kim ချက်ချင်းဆိုသလိုပင် ကျွန်တော် ပါးနှစ်ဖတ်ကို ထိန်းကိုင်ကာ နမ်းလာတဲ့ Kim ကျွန်တော်လည်း Kim ရဲ့ခါးလေးတွေကို ဖတ်ရင်း.. ခဏအကြာ ကျွန်တော် လည်ပင်းပေါ်သို့ သိုင်းဖတ်လာတဲ့ လက်ကလေးတွေ..

Kim (complete) Where stories live. Discover now