စတွေ့တုန်းက
ကျီ ဘုန်း......
" ဆရာတို့ တိုက်မိပြီလား မသိဘူး "
" မင်း သေချာ မမောင်းဘူးလား "
" ကျွန်တော် သေချာ မောင်းတာ သူကဝင်လာတာ "
" တော်ပြီ ဆင်းကြည့်လိုက်"
" ဟုတ် "
...." ကောင်လေး အဆင်ပြေလား "
ကား driver ကသာ မေးနေတာ ကားရှေ့မှာ လဲကျနေတဲ့ တယောက်ကတော့ ဘာမှ ပြန်မဖြေ
" ကောင်လေး အဆင်ပြေရဲ့လား "
ဘာမှ မဖြေသေးပဲ တနေရာကို မျက်လုံးသေကြီးနဲ့ ကြည့်နေပြီး အလိုလို မျက်ရည်တွေ စီးကျလာတဲ့ ကောင်လေး
"Driver Lee ဘယ်လိုလည်း "
ကားပေါ်ကနေ အခြေအနေ သိချင်လို့ လှမ်းမေးလိုက်တဲ့ သူ့ရဲ့ဆရာ ဒါပေမယ့် ဘာပြန်ဖြေရမလည်း မသိတဲ့ Driver..
Driver လည်း သူ့ဆရာ တံခါးနဲ့ ကမန်းကတန်းပြေးသွားလိုက်ပြီး
" ဆရာ ကောင်လေးက ဘာမှ ပြန်မပြောဘူး တနေရာကို ပဲ ငေးကြည့်နေတယ် ပြီးတော့ ငိုနေတယ် "
" ဟင် အရူးများလား "" မရူးဘူး ပစ္စည်းပို့တာ နို့ပုလင်းတွေရော သတင်းစာတွေရော အကုန်ကွဲ ပြီးပေကုန်ပါတယ် "
" ငါတို့လာခဲ့မယ် "" hyung ဆင်းခဲ့အုံး လိမ်ဆင်လားဘာလား
ကြည့်ပေးအုံး "
" မင်းတို့ကားနဲ့ တရက်လေးလိုက်လာပါတယ် အာရုံကွာ "
..
ကျွန်တော်တို့ ကားပေါ်က ဆင်းလိုက်ပြီး ကားရှေ့က ကောင်လေး စီ လျှောက်လာလိုက်တော့ ကားရှေ့မှာ တုတ်တုတ် မှ မလှုပ်ထိုင်နေတဲ့ကောင်လေးDriver အမေးကို ခေါင်းလေးသာ ခါပြတဲ့ကောင်လေး ခါလိုက်တဲ့ အခါ လွှင့်သွားတဲ့ အမဲရောင်ဆံပင်ကောက်ကောက်လေးတွေ
လူကောင်သေးသေးလေးနဲ့ ဖြူဖြူ ဖွေးဖွေးကောင်လေး ငိုထားတဲ့ မျက်လုံး ညိုညို လေးတွေနဲ့ မော့ကြည့်လာတဲ့ ကောင်လေး
နီနေတဲ့ နှာခေါင်းထိပ်က မှဲ့လေး က ထင်းလို့ နှုတ်ခမ်းလေးတွေက လည်း စတော်ဘယ်ရီသီး တလုံးအလား ရဲလို့
ဘာလည်း လူသားယောက်ကျားလေးတယောက်က အဲ့လောက် တောင်ချောတာလား မဟုတ်ဘူး လှတာ အဲ့လောက်တောင် လှတာလား....