12

2.2K 153 4
                                    

မနက်ပိုင်း ဂျူတီချိန်းရင်း Jimin တို့နဲ့တွေ့ခြင်းပင်

" Taehyung မင်း အပေါ်ဆုံး ခန်း ကိုပဲ တာဝန်ကျနေတယ်ဆို "
" အင်း ဟုတ်တယ် "

" တလွဲတွေ မလုပ်နဲ့အုံးနော် အဲ့အခန်းကစျေးကြီးတယ်လို့ပြောတယ် "
" အင်း ငါသိပါတယ် "

" ဒါနဲ့ အဲ့အခန်းကမိုက်လား "
"အင်းမိုက်တယ် "

မိုက်လားမမိုက်လာတောင် သေချာမကြည့်မိပါဘူးကွာ ငါ့မှာ CEO ကြီး ငုတ်တုတ်ထိုင်နေတာကြောင့် ဘယ်နေရာမှ သေချာတောင်မကြည့်နိုင်ခဲ့ဘူး

ထိုအခန်းထဲက အသက်ပါလာပြီး ပြန်ထွက်နိုင်လာတာကို ပဲ ငါ့ဘာသာ ငါ ကျေးဇူးတင်နေရတာ ဟေ့ကောင်တွေရ

Taehyung တယောက် စိတ်ထဲတွင်သာ ပြောလိုက်ခြင်းပင် ဟိုနေ့က ကိစ္စသာ သိလို့ ခုလိုဖြစ်နေတာပါဆိုတာ သိသွားရင် Jimin လက်ထဲမှာတင် အသက်အရင်ထွက်သွားမှာလေ

" အေး ငါတို့သွားတော့မယ် "
" အင်း ငါလည်း အဲ့အခန်းကို သွားရတော့မယ် ပုံမှန် 8:30 သန့်ရှင်းရေးလုပ်ပေးရမှာမို့လို့ "
" အေးသွားသွား"

Taehyung တယောက် ခုလည်းထိုအခန်းရှိရာစီသို့တက်လာခဲ့ရပြန်ပြီ

မနေ့က ဂျာကြီး လာပြောပြီးထဲက လူက အလုပ်ပါထွက်ချင်စိတ်ပေါက်သွားခဲ့တာ ဘာတဲ့ ပုံမှန် မနက် 8:30 ဆိုတာနဲ့ သန့်ရှင်းရေးလုပ်ပေးရမယ်တဲ့ ကျွန်တော်တယောက်ထဲတဲ့..

အင်းပေါ့လေ ကိုယ်က အလုပ်သမားဆိုတော့ ဘာမှ စောတက တက်လို့မရဘူးလေ လုပ်ဆို လုပ်ပဲပေါ့ ဟုတ်ဘူးလား Kim Taehyung

မင်းလုပ်နိုင်ပါတယ် မဟုတ်ရင် ဒယ်ဂူနော်
ကိုယ့်ကိုကိုယ်သာ အားပေးရင်း

တီးတောင်

ခဏအကြာ တံခါးဖွင့်လာလို့ လှည်းကိုတွန်းကာ ဝင်လာခဲ့ပြီး ပုံမှန်အတိုင်း တခန်းလုံးသန့်ရှင်းရေး စလုပ်ရတော့တာပေါ့

ဒီလောက်ကျယ်တဲ့ အခန်းကို တယောက်ထဲ လုပ်ရတာ ဘယ်လောက်ပင်ပန်းလည်း ခင်များတို့သိလား

ဘာမှ မညစ်ပက်ပဲ သန့်ရှင်းရေးလုပ်ရတာက ပိုပင်ပန်းတယ် ဘာလို့ဆို ဘာလုပ်လို့လုပ်ရမလည်း မသိလို့

Kim (complete) Where stories live. Discover now