2

3K 198 2
                                    

So I 'll tell you..

" jimin ငါခု မင်းစီဖုန်းဆက်မလို့ပဲ "
" အင်း ဟုတ်တယ် နော် "
" အင်းဟုတ်တယ် ရေးးးးးး "

နှစ်ယောက်နားလည်တဲ့ စကား ဟုတ်တယ် ဆိုတဲ့ အကြောင်းအရင်းကတော့ မနက် ထမင်းဘူးပို့နေတဲ့ အချိန် အလုပ်တွေထဲကမှ တခုထဲသော အလုပ်ဖြစ်တယ် ဟိုတယ် ဝန်ထမ်းအလုပ်က အလုပ်ခန့်ကြောင်း ခေါ်စာ ရောက်လာခြင်းပင်

ဖြစ်ချင်တော့ သူငယ်ချင်းနှစ်ယောက်လုံး အလုပ်ရနေခြင်းကြောင့်ပို၍ပင် ပျော်နေကြခြင်းဖြစ်သည်

Taehyung တယောက် ထမင်းဘူး မြန်မြန်ပို့ပြီး jimin ရှိတဲ့ coffee ဆိုင်ကို အပြေးလေးထွက်လာခဲ့လိုက်တယ်
....

coffee ဆိုင်ကို စောစော ရောက်ချလာတဲ့ Taehyung ကို ဆိုင်က မန်နေဂျာ အကိုက

" Taehyung စောကြီးပဲ"
" jimin ကိုလာတွေ့တာ "
" မင်းတို့က တူတူ နေတာမဟုတ်ဘူးလား."

" ဟုတ်တယ်လေ "
" အော်သိပ်မတွေ့ရဘူးဆိုတော့ "
" hyung ကလည်း အရေးတကြီးပြောစရာရှိလို့ပါ."
" အေးအေး ပြောပြော "

ဒီ coffee ဆိုင်လေးက ဆိုင်ရှင်အမက အစ အရမ်းနွေးထွေးတယ် မိသားစု တစုလိုပဲ တယောက်နဲ့တယောက် ဖေးမကူညီကြတယ် ဒါကြောင့်လည်း Taehyung လို ပြာယာအတွက် အရမ်းကို အဆင်ပြေတဲ့ဆိုင်လေးပေါ့

ခုတော့ သူတို့နှစ်ယောက် ဒီဆိုင်လေးကနေ ထွက်ရတော့မယ် စလုပ်ထဲက အလုပ်သင်အနေနဲ့လုပ်ခဲ့ကြပေမဲ့ လစာကို ပိုပေးတက်တဲ့ ဆိုင်ရှင်အမ ကြောင့်လည်း ပျော်ခဲ့ရသေးတယ်

တခုခုဆို တိုင်ပင်ဖော်ရတဲ့ မန်နေဂျာ အကို ကြောင့်လည်း ဝမ်းနည်းမှုတွေ ပျောက်ခဲ့ရသေးတယ်..

အခြား ဝန်ထမ်းတွေကြောင့်လည်း အရက်ကောင်းကောင်းသောက်တက်လာခဲ့တယ်

ဒီလို ဆိုင်မျိုးက မထွက်ချင်ပေမယ့် လည်း အရမ်းလုပ်ချင်တဲ့ ဟိုတယ် အလုပ်ကလည်း လက်လွှတ်လို့မရဘူးလေ

အလုပ်တွေ များကြီးထဲက မှ တခုထဲသော ခန့်စာလေးကြောင့် သူငယ်ချင်းနှစ်ယောက် အပျော်က အတိုင်းမသိ...
....

" jimin သဘက်ခါ လူတွေ့ သွားတွေ့ရမှာနော် "
" အင်း ငါတို့ အကျီ အသစ် ဝယ်ကြမလား "
" အေးသွားဝယ်ကြမယ် မနက်ဖြန် သွားကြမယ် "
" အေးကောင်းတယ် "
...

Kim (complete) Where stories live. Discover now