18

2K 145 1
                                    

ချစ်သူဖြစ်တာ နှစ်လကျော်ပြီ တနေ့မှ မတွေ့ရတဲ့ နေဆိုတာမရှိခဲ့ဘူး တနည်းမဟုတ် တနည်းနဲ့ကို ဇာတ်လမ်းတွေဆင်ကာ တွေ့နေကြခြင်းပင်..

ဒီနေ့မှ တနေကုန်မတွေ့ရသေးဘူး ဖုန်းလည်း မဆက် မနက်အခန်းသန့်ရှင်းရေးလုပ်ဖို့လည်း မခေါ်နဲ့ အခန်းမှာများရှိမနေလို့လား..

အိမ်ပြန်မယ်ဆိုလည်း မပြောနဲ့ ထူးထူးဆန်းဆန်း ပျောက်ချက်သားကောင်းနေတဲ့ ချစ်သူ CEO ကြောင့် Taehyung တယောက် ခြေမကိုင်မိ လက်မကိုင် ဖြစ်နေရတယ်...

နေ့လည်လောက်ရောက်မှ CEO အခန်းက ဧည့်သည်ရောက်လို့ ခေါ်ခိုင်းတယ်ဆိုမှသာ တွေ့ရတော့တဲ့ ချစ်သူ..

ခွမ်း

"Kim Taehyung !!!! မင်းဟာလေ အလုပ်ကို သေချာ လုပ်လို့မရဘူးလား ဒီမှာ အလုပ်အကြောင်းပြောနေတာ မင်းကြောင့်နဲ့ အနှောက်အယှက်တော်တော်ဖြစ်တယ် "
"တောင်းပန်ပါတယ် CEO "

ကြကွဲနေသွားတဲ့ ဖန်ကွဲစတွေကောက်ရင်း လက်ကို ရှမိသွားလို့ တိုးတိုးလေး အော်လိုက်မိတာတောင်

"အ "
" မင်းထွက်သွားတော့ အတွင်းရေးမှုး အခြားတယောက်ခေါ်ပြီး သိမ်းခိုင်းလိုက်တော့ "
" nae CEO "

ဆက်ပြီး လုပ်ငန်းအကြောင်းတွေသာ သူအကိုရယ် တဖက်က လုပ်ငန်းရှင်နဲ့ ဆွေးနွေးတိုင်ပင်နေလိုက်တယ် အချိန်အားဖြင့် 2 နာရီလောက်ကြာတော့ အသစ်ဆောက်မယ့် Hotel အကြောင်း ဆွေးနွေးလို့ ပြီးသွားခဲ့တယ်

တဖတ်က လုပ်ငန်းရှင်ကို နှုတ်ဆက်ပြီး ထို စားပွဲမှာ ပြန်ထိုင်နေတာကြောင့် အကိုက

" ဟေ့ရောင် မင်းဒီနေ့ဘာဖြစ်နေတာလည်း ပြီးတော့ ခုဏ Kim Taehyung ကို မင်းအဲ့လောက်အော်စရာ မလိုဘူးထင်တယ် "

" ဟုတ်တယ် ကျွန်တော် ဒေါသထွက်နေလို့ ဒေါသက သူ့အပေါ်ပုံမိသွားသလိုဖြစ်သွားတယ် "
" ဘာဖြစ်လည်း ပြောစမ်းပါအုံး "

" မာမီက အိမ်ထောင်ပြုပေးဖို့ စီစဥ်နေတယ် မပြု သေးဘူးပြောတာလည်း မရဘူး မာမီနဲ့ မနက်ကလေးတင် စကားများထားတာ "
" မင်းစိတ်ကို ထိန်းမှပေါ့ ဟိုကောင်လေး စိတ်မကောင်းဖြစ်သွားလောက်တယ် "

Kim (complete) Where stories live. Discover now