21

2K 146 2
                                    

ဧည့်သည်ရောက်နေလို့ CEO က ကော်ဖီ မှာခြင်းပင်. ပုံမှန်ဆို Taehyung တို့လို သန့်ရှင်းရေးပိုင်းကလူတွေ အနေနဲ့ ပို့စရာ မလို အစားအသောက်ဘက်ကလူ တွေသာ ပို့ပေးရတာဆိုပေမယ့် CEO က Taehyung ကိုသာ ပုံမှန် ခိုင်းနေကျ ဖြစ်တာကြောင့် ခုလည်း ကော်ဖီကို Taehyung ကိုသာ ပို့ခိုင်းခြင်းပင်..

ဝန်ထမ်းတွေက လည်း CEO က Taehyung တယောက်ထဲကိုသာ သူခိုင်းသမျှ လုပ်ပေးရမယ်လို့ပြောထားကို တမျိုး မမြင်ကြပဲ သူတို့က ပိုလို့တောင်ဝမ်းသာကြသေးတယ်

ဘာလို့ဆို သူတို့တွေက CEO ရှေ့တောင်မသွားရဲကြလို့လေ အဲ့တော့ သူတို့လက်ကလွတ်ပြီးရော ဆိုပြီး ကTaehyung နဲ့ CEO ရဲ့ ပတ်သက်မှုကို တမျိုးမထင်ကြဘူးပေါ့..

သူတို့ Sensitive CEO က Kim Taehyung နဲ့ပဲ အဆင်ပြေတယ်က ပါလိုက်သေးတယ်..

ဟို သူငယ်ချင်း လေးယောက်ကြပြန်တော့လေ အတင်းကို လွတ်နေခြင်းပင် သူတို့ကပါ ဝင်ထောက်ခံပေးနေသေးတာ..

ပြေမှာပေါ့ ကျွန်တော်တို့က ချစ်သူလေတွေ လို့သာ အော်ပြောလိုက်ချင်တယ်.. ခုလည်း CEO အခန်းရှေ့ရောက် တံခါးလေး ခေါက်ခါဝင်လာခဲ့လိုက်တဲ့ Taehyung

ဒေါက် ဒေါက်

" CEO ကော်ဖီရပါပြီ "

တွေ့လိုက်ရတဲ့ ဧည့်သည် က အမျိုးသမီးတယောက်ကျွန်တော် ဝင်လာတာကြောင့် ချက်ချင်းဆိုသလို တင်းမာသွားတဲ့ CEO ရဲ့မျက်နှာ ခုဏထိုအမျိုးသမီးနဲ့ စကားပြောနေတာ ကို အနောက်က မြင်လိုက်ရတုန်းက အဲ့လိုမဟုတ်ခဲ့ ကျွန်တော် အသံကြားမှသာ ဖြစ်သွားခြင်း..

ဆိုဖာမှာ ထိုင်နေတဲ့ အမျိုးသမီးတယောက် ဆံပင် ရွှေအိုရောင်နဲ့ မျက်နှာမှာလည်း ကာလာစုံလိမ်းခြယ် ထားလို့ ဝတ်ထားတဲ့ အဝတ်အစားကလည်း Idol တယောက်အလား ..

ဒီအမျိုးသမီးက CEO နဲ့ ဘယ်လို ပက်သက်နေတာ လည်း ဒါထက် မောင် နဲ့ ဘယ်လိုပက်သက်နေတာလည်း..

စကားပြောပုံဆိုပုံကလည်း ရင်းနှီးသလို အသံကလည်း အရမ်းကို ချွဲပစ်နေတယ်

ကျွန်တော် CEO အတွက် အရင်ကော်ဖီချပေးလိုက်ပြီ ထိုအမျိုးသမီးအတွက် ကော်ဖီချပေးဖို့အလုပ် ထိုအမျိုးသမီးပြောလိုက်တဲ့စကားကြောင့်

Kim (complete) Where stories live. Discover now